ဆရီနာဂါ မတ် ၂၁
လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဆန့် ကျင်သည့်အနေဖြင့် ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းကို နှစ်ရက် အတွင်း ပြုလုပ်သည့်အနေဖြင့် စစ် သွေးကြွနှစ်ဦးသည် အိန္ဒိယ-ကက်ရှ် မီးယားရှိ စခန်းတစ်ခုကို စနေနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။ အိန္ဒိယအစိုးရက ကက်ရှ်မီးယား အကြမ်းဖက်မှုများကို အဆုံး သတ်မည်ဟု ကတိပြုပြီးနောက် အဆိုပါတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ရာ အိန္ဒိယအစိုးရအနေဖြင့် ကက်ရှ်မီးယားကိစ္စ ကို ဖိအားပေးသကဲ့သို့ ဖြစ်နေသည်။
စနေနေ့ တိုက်ခိုက်မှုသည် ကက်သူရာပြည်နယ် ရဲစခန်းမှ ၂ဝ ကီလိုမီတာခန့်ဝေးသော နေရာဖြစ် သည့် ပက်သန်ကုတ်-ဂျမ်မူး အမြန် လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သွေးကြွ နှစ်ဦးအပါအဝင် စုစု ပေါင်း ခြောက်ဦးသေဆုံးခဲ့သည်။
အဆိုပါနေရာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း အစိုးရတပ်ဖွဲ့ဝင်နှင့် အရပ်ဘက်မှ မည်သူတစ်ဦးတစ်ယောက်မျှ သေဆုံး ခြင်းမရှိကြောင်း စစ်ဘက်ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မာနစ်ရှ်မက်သာက ပြောခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ် သွေးကြွနှစ်ဦးသည် သောကြာနေ့တွင် ယင်းနေရာ၌ပင် တိုက်ခိုက်မှုပြုလုပ် သည့် တပ်ဖွဲ့မှ အဖွဲ့ဝင်များဖြစ်နိုင် ကြောင်း သုံးသပ်ခဲ့ကြသည်။ အမျိုး သား အမြန်လမ်းမကြီးကိုလည်း ပိတ်ခဲ့ရပြီး အဆိုပါ အခင်းဖြစ်ပွားရာ ဒေသတွင်းရှိ စာမေးပွဲများကိုလည်း ရပ်ဆိုင်းခဲ့ရသည်။
ကြီးမားသောတိုက်ခိုက်မှုတစ်ခု သည် ကက်ရှ်မီးယားဒေသ၌ လွန်ခဲ့ သော ဒီဇင်ဘာလက ဖြစ်ပွားခဲ့သေး သည်။ အဆိုပါဒေသရှိ စစ်သွေးကြွများကို ထောက်ခံပေးနေသည်ဟူ သောအဆိုကို ပါကစ္စတန်က ငြင်းဆို ခဲ့ပြီး ၎င်းအစား အိန္ဒိယနှင့်ဆယ်စုနှစ် ခြောက်နှစ်ကြာ ဖြစ်ပွားနေသော အငြင်းပွားမှုပြဿနာကို ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။
(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စစ်သွေးကြွများက အိန္ဒိယ-ကက်ရှ်မီးယား စစ်အခြေစိုက်စခန်းကို တိုက်ခိုက်သည့် အတွက် တိုက်ပွဲများဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
03:14
Rating: