အမြန်လမ်းပေါ်မှာ ယာဉ်တစီး ပက်လက်လန်တိမ်းမှောက်

အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်တွင် ပက်လက်လန်တိမ်းမှောက်

နေပြည်တော်၊ မတ် ၂၉

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၁ဝ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၄/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ကြောင်း သတင်းအရ သာဂရအမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်ဘက်သို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကန်တော်ကြီးရပ်နေ ထူးခန့်လွင်(၂၁)နှစ်မောင်းနှင်လာသော RLG/xxxx ပါဂျဲရိုးမီးခိုးရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိပြီး ပက်လက်လန်တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာ သူများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာ၊ ဓမ္မာရုံကျောင်းတိုက်နေ ဦးပညာဇောတ၊ သက်တော်(၆၆)နှစ်နှင့် ရွှေပန်းကုံးကျေးရွာနေ ဦးစိန်လှဝင်း(၃၇)နှစ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ထူးခန့်လွင်အား သာဂရအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

အမြန်လမ်းပေါ်မှာ ယာဉ်တစီး ပက်လက်လန်တိမ်းမှောက် အမြန်လမ်းပေါ်မှာ ယာဉ်တစီး ပက်လက်လန်တိမ်းမှောက် Reviewed by သစ်ထူးလွင် on 20:55 Rating: 5
Powered by Blogger.