ဆော်ဒီအာရေးဘီးယားပိုင် တိုက်လေယာဉ်များ (Credit: Reuters) |
Houthi အဖွဲ့ဟာ ရီမန်နိုင်ငံရဲ့ မြို့တော်ကို သိမ်းပိုက်ပြီး အရင်တစ်ပါတ်တုန်းကပဲ တတိယအကြီးဆုံး မြို့ဖြစ်တဲ့ Taiz မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီလို သိမ်းပိုက်မှုတွေကြောင့်လည်း ရီမန်သမ္မတ Mansour Hadi က တောင်ပိုင်းက အေဒင်မြို့ကို ထွက်ပြေးခဲ့ရပါတယ်။
ဒါပေမဲ့ Houthi အဖွဲ့က အခုအခါမှာ အေဒင်မြို့ လေဆိပ်ကို သိမ်းပိုက်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက ရီမန်သမ္မတဘက်ကနေပြီး Houthi ကို ဝေဟင်ကနေ တိုက်ခိုက်နေတာပါ။
လက်ရှိသမ္မတ Mansour Hadi ဟာ ၂၀၁၂ ခုနှစ်တုန်းက သမ္မတ Ali Abdullah Saleh ကို ဖြုတ်ချပြီး သမ္မတ ဖြစ်လာတာပါ။
အခုအခါမှာ သမ္မတဟောင်း Ali Abdullah Saleh ကို ထောက်ခံတဲ့လူတွေက Houthi သူပုန်နဲ့ ပူးပေါင်းပြီး ရီမန်နိုင်ငံကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Houthi အဖွဲ့ကို အီရန်က ကျောထောက်နောက်ခံ ပြုထားတယ်လို့လည်း သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဆော်ဒီ တပ်တွေ ရီမန်ဘက်ကနေ ဝင်တိုက်ပေး
Reviewed by သစ်ထူးလွင်
on
11:36
Rating: