ဂျာမန်ခရီးသည်တင်လေယာဉ် ပြင်သစ်တောင်ပိုင်းမှာပျက်ကျ


ပြင်သစ်နိုင်ငံတောင်ပိုင်း Alps တောင်တန်းဒေသမှာ ခရီးသည် ၁၄၂ ဦးလိုက်ပါလာတဲ့ A320 လေယာဉ်တစင်းဟာ ဒီကနေ့ အင်္ဂါနေ့မှာ ပျက်ကျသွားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ လေယာဉ်ဝန်ထမ်း အပါအဝင် စုစုပေါင်း ၁၄၈ ဦး စလုံး သေဆုံးသွားတယ်လို့ ပြင်သစ်သမ္မတ Francois Hollande က အတည်ပြုပြောကြားကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

လေယာဉ်ဟာ ဂျာမဏီလေကြောင်း Lufthansa နဲ့ ဆက်ထားတဲ့ Germanwings ပိုင် လေယာဉ်ဖြစ်ကြောင်း ပြင်သစ်လေကြောင်းဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ လေယာဉ်ဟာ စပိန်နိုင်ငံ Barcelona ကနေ ဂျာမဏီနိုင်ငံ Dusseldorf- ကို ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သတင်းစာ La Provence ထဲမှာလည်း  အဲဘတ်စ် A 320 ဟာ ခရီးသည် ၁၄၂ ဦး၊ လေယာဉ်မှုး ၂ ဦးနဲ့ လေယာဉ်မယ် ၄ ဦးတို့ လိုက်ပါသွားတယ်လို့ ဖော်ပြထားပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေဟာ ဘယ်နိုင်ငံသားတွေလည်း ဆိုတာတော့ အခုချက်ချင်း မသိရသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဂျာမန်ခရီးသည်တင်လေယာဉ် ပြင်သစ်တောင်ပိုင်းမှာပျက်ကျ ဂျာမန်ခရီးသည်တင်လေယာဉ် ပြင်သစ်တောင်ပိုင်းမှာပျက်ကျ Reviewed by သစ်ထူးလွင် on 19:40 Rating: 5
Powered by Blogger.