နေပြည်တော်၊ မတ် ၂၅
၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် ဝဝ၂၅ အချိန် မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်၊ ထိန်ကန်ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်(၈)စီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှဝန်ထမ်းများ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီခွဲအချိန် မီးငြိမ်းသွားခဲ့သည်။
စစ်ဆေးချက်အရ အဆိုပါကျေးရွာနေ ဦးသန်းမောင်(၆၉)နှစ်၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လူနေအိမ်(၄၂)လုံး မီးလောင် ဆုံးရှုံးခဲ့သဖြင့် ဦးသန်းမောင်အား ချောက်မြို့မ ရဲစခန်း(ပ)၄၈/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
ချောက်မြို့နယ်၊ ထိန်ကန်ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား၊ လူနေအိမ်(၄၂)လုံး မီးလောင်ဆုံးရှုံး
Reviewed by သစ်ထူးလွင်
on
20:03
Rating: