သတင်းဓာတ်ပုံ – စူပါ |
လူဦးရေ ၃၀၀ ကျော်ဟာ ၈၅ လမ်း၊ ၃၅ လမ်းထောင့် မြတောင်တိုက်ရှေ့ကနေ စတင်ထွက်ခွာလာခဲ့ပြီး လမ်း ၈၀၊ ၃၅ လမ်းထောင့်၊ လမ်း ၈၀၊ လမ်း ၃၀ ထောင့်၊ လမ်း ၃၀ ၈၄ လမ်းထောင့်ထိ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒထုတ်ဖော်သူတွေဟာ မန္တလေး၊ မုံရွာ၊ မိုးကုတ်၊ စစ်ကိုင်းက နိင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ မြို့ခံပြည်သူလူထုတွေ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြမှု နေ့လယ် ၁၁နာရီခွဲကျော်မှာ ပြီးဆုံးသွားခဲ့ပါတယ်။
မတ်လ ၁၀ ရက်က လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးတဲ့နောက် ရာနဲ့ချီတဲ့ ကျောင်းသားနဲ့ ၀န်းရံသူတွေကို သာယာဝတီထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု မန္တလေးတွင် ကန့်ကွက်ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
18:56
Rating: