မြိတ်မြို့ဘုတ်ချောင်းရပ်၌ မီးလောင်မှုဖြစ်ပွား


မြိတ် မတ် ၁၂

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာ ဘုတ်ချောင်းရပ် အေးရိပ်သာလမ်းတွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဒေါ်ခင်မြင့် နေအိမ်တွင် ဒေါ်ခင်မြင့်၏မြေးဖြစ်သူ ငါးနှစ်အရွယ် မသန္တာဦးသည် နေအိမ် နောက်ဖေးခန်းတွင် ဂတ်စ်မီးခြစ် ဆော့ကစားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ သည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ မြိတ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး မောင်မောင်လင်း၊ မြိတ် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းဦးစီးလျက် မီးသတ်ယာဉ် ၁၉ စီး၊ ရေသယ်ယာဉ် နှစ်စီး၊ လူနာ တင်ယာဉ်တစ်စီးတို့ဖြင့် သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူများက ငြှိမ်းသတ်ခဲ့ကြရာ ၁၂ နာရီ မိနစ် ၂ဝ တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ပျဉ်ထောင် ပျဉ်ခင်းသွပ်မိုး ကိုးလုံး၊ ဓနိမိုး ဝါးထရံကာ ဝါးခင်း သုံးလုံး စုစုပေါင်း ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှု ဖြစ်စဉ်တွင် အိမ်ထောင်စု ၁၃ စု၊ ပြည်သူ ၉၅ ဦး မီးဘေးသင့် ခံခဲ့ရ၍ မီးဘေးသင့်ပြည်သူများအား သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး နေထိုင်လျက်ရှိကာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။ မီးဘေးသင့် ပြည်သူများထဲ တွင် တက္ကသိုလ်ဝင်တန်းဖြေဆို နေသူ ကျောင်းသူနှစ်ဦး ပါရှိ၍ စာမေးပွဲ ဆက်လက်ဖြေဆိုနိုင်ရန် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
မြိတ်မြို့ဘုတ်ချောင်းရပ်၌ မီးလောင်မှုဖြစ်ပွား မြိတ်မြို့ဘုတ်ချောင်းရပ်၌ မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 05:42 Rating: 5
Powered by Blogger.