ကနေဒါလေကြောင်းလိုင်း လေယာဉ်တစီး ပြေးလမ်းချော်


ကနေဒါလေကြောင်းလိုင်းက လေယာဉ်တစီးဟာ မတ် ၃၀ ရက်ကနိုင်ငံအရှေ့ပိုင်းက ဟာလီ ဖက်စ်မြို့ လေဆိပ်မှာ လေယာဉ်အဆင်းပြေးလမ်းချော်ခဲ့ပြီး လျှပ်စစ် တာဝါတိုင်တခုကိုပါ တိုက်မိခဲ့ပါတယ်။

တိုရွန်တိုမြို့မှာ ခရီးသည်အယောက် ၁၂၃ ယောက် လိုက်ပါလာတဲ့လေယာဉ် ဖြစ်ပြီး ခရီးသည်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ဒဏ်ရာအနည်းငယ်ရတဲ့ ခရီးသည် ၂၃ယောက်ကိုတော့ ဆေးရုံတင်ပို့ ဆေးကုသမှုပေးခဲ့ရ တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။

လေယာဉ်ဆင်းတဲ့အချိန်မှာ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျရောက်နေပြီး မြင်ကွင်း မကောင်းခဲ့ဘူးလို့ သတင်းတွေက ဆိုပါတယ်။

ခရီးသည်တဦးက လေယာဉ်ဟာ အရှိန်နဲ့ ဆောင့်ဆင်းခဲ့ပြီး နောက်တချက်အဆောင့်မှာတော့ ပြေးလမ်းချော် ထွက်သွားတယ်လို့ ပြောဆိုပါတယ်။

ဟာလီဖက်စ်လေဆိပ် လေယာဉ်အတက်အဆင်းခရီးစဉ်တွေကို ခဏရပ်ဆိုင်းခဲ့ရပြီး လေယာဉ် မတော် တဆမှု ဖြစ်ပွားရတဲ့အကြောင်းရင်းအသေးစိတ်ကို အာဏာပိုင်တွေ စုံစမ်းနေ တယ်လို့ လေဆိပ်ပြောခွင့်ရက ပြောဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ကနေဒါလေကြောင်းလိုင်း လေယာဉ်တစီး ပြေးလမ်းချော် ကနေဒါလေကြောင်းလိုင်း လေယာဉ်တစီး ပြေးလမ်းချော် Reviewed by သစ်ထူးလွင် on 09:56 Rating: 5
Powered by Blogger.