ပင်တဂွန် မတ် ၂၈
စက်တင်ဘာလထက် နောက် မကျဘဲ အိုင်အက်စ်အကြမ်းဖက် သမားများအား တိုက်ခိုက်ချေမှုန်းရန် ပထမဆုံးအကြိမ်အဖြစ် သဘောထား အလယ်အလတ်ရှိသော ဆီးရီးယား စစ်သွေးကြွ ၄ဝဝ ကို လေ့ကျင့် သင်ကြားပေးနိုင်ရေး ရွေးချယ်လိုက် ပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက် က ကြေညာသည်။
အမေရိကန်စစ်ဘက်နှင့် ထောက် လှမ်းရေး အေဂျင်စီများအနေဖြင့် ဆီးရီးယားရှိ အိုင်အက်စ်တို့အား ချေမှုန်းသုတ်သင်ရန်အတွက် စစ်သွေးကြွ ၅ဝဝဝ ကို လေ့ကျင့်သင်ကြား ပေးမည့်အစီအစဉ်အရ အဆိုပါ စစ်သွေးကြွများ၏ နောက်ခံ သမိုင်းကြောင်းကို စစ်ဆေးနေပြီ ဖြစ်ကြောင်း သောကြာနေ့က ပင်တဂွန်က ပြောကြားလိုက်သည်။
ဆီးရီးယားနိုင်ငံတွင် ပြည်ပ အထောက်အပံ့ခံ စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံအတွင်း လူပေါင်း ၂၁ဝဝဝဝ သေဆုံးခဲ့ပြီဖြစ်သည်။
အဆိုပါ စစ်ဆေးမှုများ ပြုလုပ် ရာတွင် စစ်သွေးကြွများ၏ နောက်ခံ သမိုင်းကြောင်းကို အဓိက စစ်ဆေး နေခြင်းဖြစ်ကြောင်း၊ လက်ဗွေ စစ်ဆေးခြင်း၊ မျက်ကြည်လွှာ ဓာတ် မှန်စစ်ဆေးခြင်းတို့လည်း ပါဝင် ကြောင်း သတင်းတွင်ဖော်ပြသည်။
ယင်းတို့အား စစ်ဆေးပြီးလျှင် ယခုနှစ် နွေရာသီနှောင်းပိုင်းတွင် စစ်သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း ပင်တဂွန်ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စတိဗ်ဝါရင် က ပြောကြားသည်။ စစ်သွေးကြွ ၂၂ဝဝ အနက်မှ ၄ဝဝ ကို စစ်သင် တန်းပေးရန် ရွေးချယ်လိုက်ခြင်းဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောကြား သည်။
(ပရက်စ်တီဗွီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အိုင်အက်စ်တို့အား တိုက်ခိုက်ချေမှုန်းမည့် စစ်သွေးကြွ ၄၀၀ ပင်တဂွန်စစ်သင်တန်းပေးရန်ရွေးချယ်
Reviewed by သစ်ထူးလွင်
on
03:41
Rating: