အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရွိုက်မြို့က တိုက်ခန်းတခုမှာ အေးခဲထားတဲ့ ၁၁ နှစ်သားနဲ့ ၁၄ နှစ်သမီး ကလေးအလောင်းတွေကို ရေခဲသေတ္တာထဲမှာ ရှာတွေ့ခဲ့တဲ့အတွက် မိခင်ဖြစ်သူကို ဖမ်းဆီးပြီး ရုံးတင် တရားစွဲထားတယ်လို့ မတ် ၂၄ ရက်နေ့ ဒက်ထရွိုက် ဖရီးပရက်စ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ခြံပိုင်ရှင်က ခြံကို စီမံခန့်ခွဲဖို့ အလုပ်ခန့်ထားတဲ့ လူတယောက်က မနက်ပိုင်းမှာ အလောင်းတွေကို ရှာတွေ့ခဲ့တာလို့ သတင်းစာက ဖော်ပြပါတယ်။
ဒက်ထရွိုက် ရဲဌာနနဲ့ ဝိန်းမြို့နယ် ဆေးဘက် စစ်ဆေးသူတွေကိုတော့ မှတ်ချက်ပေးနိုင်ဖို့ ဆက်သွယ်လို့ မရသေးပါဘူး။
အလောင်းတွေက အချိန်တခုကြာအောင် အေးခဲထားခဲ့ပုံရတယ်လို့ ဒက်ထရွိုက် ရဲချုပ် ဂျိမ်းစ် ခရေ့ခ်ျကို ကိုးကားဖော်ပြပါတယ်။
ရဲတွေက ခြံဝိုင်းထဲက တခြားတိုက်ခန်းမှာ ကလေး ၂ ဦးရဲ့ မိခင်ဖြစ်သူကို တွေ့ရှိပြီး ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
အမေရိကန်တွင် ရေခဲသေတ္တာထဲ ကလေး ၂ ဦးအလောင်းကို တွေ့ရှိ၊ မိခင်ဖြစ်သူကို တရားစွဲ
Reviewed by သစ်ထူးလွင်
on
13:06
Rating: