"လူကြီးလာလျှင်ပြသရန် သော့ခတ်သိမ်းထားသည့် စံပြအိမ်သာ" စနစ်ကြောင့် အိမ်သာဆောက်ရန် ထပ်မံတောင်းသည့် ဘတ်ဂျက်ငွေကို ခွင့်မပြုသင့်ဟု ဆို


စီမံကိန်းဖြင့် အိမ်သာတည် ဆောက်ထားသည့် ကျေးရွာများသို့ ရောက်ရှိခဲ့စဉ် အိမ်သာများကို ကြည့် ရှုခဲ့ရကြောင်း၊ လမ်းဘေးရှိ အချို့ သော ကျေးရွာများတွင် စံပြအနေဖြင့် အိမ်သာနှစ်လုံးခန့်ဆောက်လုပ်ပြီး လူကြီးလာလျှင် ပြရန်အတွက် သော့ ခတ်သိမ်းထားသည်ကို တွေ့ခဲ့ရကြောင်းဒေါ်စန္ဒာမင်းက ဆိုသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးလက်ဒေသ အိမ်သာ တည် ဆောက်ရေးစီမံကိန်းသည် လေးနှစ် ကျော်သည် အထိ အောင်မြင်မှု မရှိ ခြင်းကြောင့် လာမည့် ၂၀၁၅-၁၆ ခုနှစ်တွင် စီမံကိန်းကို ဆက်လက် ဆောင်ရွက်ရန် ဘတ်ဂျက်ငွေ ကျပ် သန်းပေါင်း ၂,၅၂၉ သန်းကို ထပ်မံ တောင်းခံရန် မသင့်ကြောင်း မတ်လ ၁၈ ရက်က ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဒေါ်စန္ဒာမင်းက ပြောဆို လိုက်သည်။

အဆိုပါစီမံကိန်းများသည် ငါး နှစ်စီမံကိန်းဖြစ်သော် လည်း လေးနှစ် ကျော်သည် အထိ အောင်မြင်ခြင်းမရှိ ခြင်းကြောင့် ဘတ်ဂျက်ငွေတောင်းခံ မှု ငြင်းပယ်ခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာ မင်းက ပြည်ထောင်စု လွှတ်တော် တွင် ပြောသည်။

“ကုန်ကျသွားတဲ့ငွေနဲ့ အချိုး ညီညီ ဘယ်လောက်တိုးတက်တယ် ဆိုတာကို လူထုထဲမှာ သိသာထင် ရှားတဲ့ အောင်မြင်မှုတွေ ကျွန်မတို့ မတွေ့ရပါဘူး။ ကျွန်မအနေနဲ့ ကျေး ရွာတွေမှာ အများသုံးနဲ့ မိသားစုသုံး အိမ်သာ စီမံကိန်းဖြစ် တဲ့ ကျပ်သန်း ပေါင်း ၂၅၂၉ သန်းကို ငြင်းပယ်ရ ခြင်းဖြစ်ပါတယ်" ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများဖြစ် သည့် UNICEF ၊ UN နှင့် အခြား NGOs / INGOs အဖွဲ့များက လုပ် ငန်းများဆောင်ရွက်ရာ တွင် အောင် မြင်လျက် ရှိနေခြင်းကြောင့် ဝန်ကြီး ဌာနက ယင်းစီမံကိန်းအတွက် ကုန် ကျငွေ ကို တောင်းခံရန်မသင့်ဘဲ အောင်မြင်အောင်လုပ်ဆောင်နေ သည့် အဖွဲ့အစည်းများကသာ ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာ ငွေ အလေအလွင့်နည်းပါးသွားမည် ဟုလည်း ၎င်းကဆိုသည်။

ထို့အတူ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဌာန၏ ကျေးလက်အိမ်ရာ တည်ဆောက်ခြင်း စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၈၇၆၀ သန်းကို လည်း ထပ်မံငြင်းပယ်ခဲ့သည်။ ငါး နှစ် စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ယင်းစီမံကိန်းသည်လည်း လေးနှစ် ကျော် ကာလထဲ ရောက်ရှိလာသော် လည်း သိသာထင်ရှားသည့် အောင် မြင်မှုကို တကယ့်လက်တွေ့တွင် မခံ စားရကြောင်းလည်း ဒေါ်စန္ဒာမင်းက ပြောသည်။

“တကယ် အကျိုးကျေးဇူးခံစား ရမယ်ဆိုရင် ဆင်းရဲဒုက္ခရောက် ကာ နေထိုင်စရာမရှိတာ ထောင်ကျတာ စတဲ့ကိစ္စရပ်မျိုး ဖြစ်လာစရာ အကြောင်း မရှိဘူး၊ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကျူးကျော်တဲတွေ ဖြိုခွင်း ဖျက်ဆီး တဲ့ ကိစ္စရပ်များ ဖြစ်လာစရာမရှိဘူး” ဟုလည်း ဒေါ်စန္ဒာမင်း က ပြောဆို သည်။

ကျေးလက်အိမ်ရာ တည်ဆောက် ခြင်းစီမံကိန်းသည် နိုင်ငံခြားငွေသုံးစွဲ ကာ နိုင်ငံခြားမှပစ္စည်းများ မှာယူ တင်သွင်းပြီးဆောင်ရွက်ရသည့် လုပ် ငန်းမျိုးမဟုတ်သော်လည်း လေးနှစ် ကျော်ကြာသည်ထိ မအောင်မြင်ပါက ချက်ချင်းရပ်ဆိုင်းလိုက်ခြင်းသည် နိုင်ငံဘဏ္ဍာအလွဲသုံးရာမရောက်ဟု လည်း ၎င်းက ဆက်လက်ပြောဆိုခဲ့ သည်။

“ကျေးလက်ဒေသဖွံ့ဖြိုးရေးမှာ ကျေးလက်အိမ်ရာစီမံကိန်းနဲ့ မိသား စုသုံးနဲ့ အများသုံး ယင်လုံအိမ်သာစီမံ ကိန်းအတွက် တောင်းထားတာကို ဖျက် လိုက်တာ ငြင်းပယ်ပါတယ်၊ မ ပေးပါဘူးဆိုပြီး ဖြတ်လိုက်တာပါ၊ အကျိုး အကြောင်းဖော်ပြချက်နဲ့ ငြင်း လိုက်တာပါ၊ ဝန်ကြီးဌာနဘက် ကတော့ ပြန်ပြီး ရှင်းလင်းတင်ပြလာဦးမယ် လို့တော့ထင်တယ်” ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက The Ladies သို့ပြောသည်။

ဇော်မင်းထွန်း

The Ladies News Journal
https://www.facebook.com/News.TheLadies
"လူကြီးလာလျှင်ပြသရန် သော့ခတ်သိမ်းထားသည့် စံပြအိမ်သာ" စနစ်ကြောင့် အိမ်သာဆောက်ရန် ထပ်မံတောင်းသည့် ဘတ်ဂျက်ငွေကို ခွင့်မပြုသင့်ဟု ဆို "လူကြီးလာလျှင်ပြသရန် သော့ခတ်သိမ်းထားသည့် စံပြအိမ်သာ" စနစ်ကြောင့် အိမ်သာဆောက်ရန် ထပ်မံတောင်းသည့် ဘတ်ဂျက်ငွေကို ခွင့်မပြုသင့်ဟု ဆို Reviewed by သစ်ထူးလွင် on 20:07 Rating: 5
Powered by Blogger.