နေရဉ္ဖရာမြစ်မှာ ရေခမ်းခြောက်


စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့က နေရဉ္ဖရာမြစ်မှာ ဆောက်လုပ်ထားတဲ့ ရာဇဂြိုလ်ဆည်က ရေပိတ်လိုက်တာကြောင့် မြစ်ရေ ခမ်းခြောက်သွားတဲ့ အတွက် ဒေသခံတွေ သောက်သုံးရေ အခက်အခဲ ဖြစ်နေပါတယ်။

ရာဇဂြိုလ်ဆည် စီမံကိန်းက ဖေဖော်ဝါရီလကုန်က စပြီးရေပိတ်လိုက်တာကြောင့် မြစ်ရေခမ်းခြောက်သွားဖြစ်ပြီး ကလေးမြို့အနီးတ၀ိုက်က ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ အထက်ချင်းတွင်း လူငယ်များကွန်ရက်အဖွဲ့ဝင် ကိုကျော်သက်ဝင်းက ပြောပါတယ်။

ဆည်မှာ သတ်မှတ်ထားတဲ့ ရေပြည့်မီမှု မရှိတာကြောင့် ရေပိတ်လိုက်တာဖြစ်ပြီး သောက်သုံးရေ လိုအပ်ချက် ရှိနေတဲ့ ကျေးရွာတွေအတွက် သောက်ရေတွင်းတွေ လိုက်တူးပေးထားတယ်လို့ ကလေးမြို့ ဆည်မြောင်းဌာနက ဦးစီးအရာရှိတစ်ဦးက အာအက်ဖ်အေက မေးမြန်းရာမှာ ပြောပါတယ်။

နေရဉ္ဖရာမြစ်ကမ်းဘေးက ရာဇဂြိုလ်၊ ခုံသာရှေ့၊ ခုံသာနောက်၊ ကံသာ၊ ကံကြီး စတဲ့ကျေး ရွာစုစုပေါင်း ၁၁ ရွာ လောက်ဟာ မြစ်ရေကို မှီခိုနေရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese
နေရဉ္ဖရာမြစ်မှာ ရေခမ်းခြောက် နေရဉ္ဖရာမြစ်မှာ ရေခမ်းခြောက် Reviewed by သစ်ထူးလွင် on 19:56 Rating: 5
Powered by Blogger.