နံနက်စောစော အမှိုက်သိမ်းသူအား ယာဉ်တစ်စီးမှ တိုက်ပြီး မောင်းပြေး


ရန်ကုန် မတ် ၂၁

မတ် ၂၁ ရက် နံနက် ၄ နာရီ လမ်းမီး၊ အိမ်မီး၊ လျှပ်စစ်မီးများ ပြတ်တောက်ချိန်က ကြည့်မြင်တိုင် မြို့နယ် ဘောဂရပ်ကွက် ဗားကရာ ချောက် မီးပွိုင့်အနီး အောက်ကြည့်မြင် တိုင်လမ်းမပေါ်တွင် အမှိုက်သိမ်း လှည်းဖြင့် အမှိုက်များသိမ်းဆည်း နေသူ အမျိုးသမီးငယ်နှစ်ဦးကို အငှား ယာဉ်တစ်စီးကတိုက်ပြီး ထွက်ပြေး မောင်းနှင်သွားမှု ဖြစ်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ် စည်ပင် သန့်ရှင်းရေးဝန်ထမ်းများ ဖြစ်ကြသော ဖခင်ဦးသံလုံး၊ မိခင်ဒေါ်ခင်သန်းဝင်း တို့ နေမကောင်းသည့်အတွက် သမီး ဖြစ်သူ မဇာခြည်ဝင်း (၂ဝနှစ်)နှင့် အကူဖြစ်သူ မအိအိဖြူ (၁၅ နှစ်)တို့က မိဘများကိုယ်စား သတ်မှတ် ဧရိယာအောက် ကြည့်မြင်တိုင်လမ်း အတွင်းလှည်းဖြင့် အမှိုက်များလိုက်လံ သိမ်းဆည်းပေးခဲ့သည်။

အမှိုက်သိမ်းပြီး လှည်းတွန်းပြန် လာစဉ် အောက်ကြည့်မြင်တိုင်လမ်းမ အတိုင်း တောင်မှမြောက်သို့ မောင်း နှင်လာသည့် အငှားယာဉ် အဖြူရောင် နှင့် အက္ခရာ AA သာ မှတ်မိလိုက် သည့် ကားတစ်စီးကတိုက်ပြီး ထွက် ပြေးမောင်းနှင်သွားသည်ဟု အတိုက်ခံ ရသူ မဇာခြည်ဝင်း၏ ပြောပြမှုအရ သိရသည်။ အငှားယာဉ်နှင့်အတူ အမှိုက်လှည်း၏ရှေ့ဘီးပါ ချိတ်ပါသွား သည်ဟု သိရသည်။

အနီးရှိ ရာအိမ်မှူး ဦးသန်းဝင်းက ပြောကြားရာတွင်''ကျွန်မတို့ကိုကား တိုက်သွားလို့ပါ၊ ကူညီကြပါဦးလို့ အော်သံကြားလို့ ထွက်ကြည့်တာ အခုလိုပဲ လမ်းဘေးမှာ အမျိုးသမီး နှစ်ဦး လဲနေတာတွေ့ရတာပဲ''ဟု ပြောသည်။

ယာဉ်တိုက်မှုကြောင့် အမှိုက် သိမ်းလှည်းမှာ ပျက်စီးသွားခဲ့ပြီး မဇာခြည်ဝင်း၏ ညာဘက်ပေါင်ကျိုး သွားခဲ့ကာ အကူဖြစ်သူ မအိအိဖြူ မှာ ညာဘက်ခြေထောက်တွင် ဒဏ်ရာများရရှိသွားခဲ့သည်။

အနီးပတ်ဝန်းကျင်နှင့် လာ ရောက်သော လှည့်ကင်းရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဒဏ်ရာရရှိသူနှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ကြက်ခြေနီ ယာဉ်ဖြင့် ပို့ဆောင်ပေးနိုင်ခဲ့သည်။

ဘော်ဂါသွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နံနက်စောစော အမှိုက်သိမ်းသူအား ယာဉ်တစ်စီးမှ တိုက်ပြီး မောင်းပြေး နံနက်စောစော အမှိုက်သိမ်းသူအား ယာဉ်တစ်စီးမှ တိုက်ပြီး မောင်းပြေး Reviewed by သစ်ထူးလွင် on 03:16 Rating: 5
Powered by Blogger.