အာကာသထဲမှာ ၁ နှစ်ကြာ နေထိုင်ကြမယ့် အမေရိကန်အာကာသယာဉ်မှူး Scott Kelly (ဝဲ)၊ ရုရှားအာကာသယာဉ်မှူး Gennady Padalka (မတ်လ ၂၇၊ ၂၀၁၅) |
အသက် ၅ဝ ကျော်အရွယ် Scott Kelly နဲ့ Mikhail Kornienko တို့ နှစ်ဦးဟာ နောက်နှစ် မတ်လအထိ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ဒါဟာ အာကာသ စခန်းမှာ တာဝန်ထမ်းဆောင်တာ အချိန်အကြာဆုံး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၆ လ လောက်သာ အာကာသမှာ တာဝန်ထမ်းဆောင်တာကနေ တနှစ်အထိနေထိုင်ပြီး လူသားတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုမျိုးသက်ရောက်မလဲဆိုတာကို လေ့လာဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားတာပါ။ အာကာသယာဉ်မှူး ၃ ဦးပါဝင်တဲ့အဖွဲ့ဟာ ရုရှား ဆိုယုဇ် အာကာသယာဉ်နဲ့ စနေနေ့မှာ အာကာသာစခန်းဆီ ထွက်ခွာသွားတာပါ။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
နိုင်ငံတကာ အာကာသစခန်းကို ကန်နဲ့ ရုရှား တဦးစီရောက်
Reviewed by သစ်ထူးလွင်
on
03:55
Rating: