ဆော်ဒီဦးဆောင်သည့် နိုင်ငံစုံတပ်ဖွဲ့ ယီမင်၌ ဆက်လက်တိုက်ခိုက်


အေဒင်(ယီမင်) မတ် ၂၈

ဆော်ဒီအာရေဗျ ဦးဆောင်သည့် နိုင်ငံစုံတပ်ဖွဲ့မှ စစ်လေယာဉ်များသည် ယီမင်နိုင်ငံကိုတတိယညအဖြစ် ဆက်လက်တိုက်ခိုက်ရာတွင် အေဒင်မြို့တွင်းနှင့် အေဒင်ဆိပ်ကမ်းပတ်ဝန်း ကျင်သို့ ချီတက်နေသော သူပုန်များ အား ပစ်မှတ်ထားကြောင်း ယနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

အဆိုပါသူပုန်များနှင့် သမ္မတ အက်ဒရာဘတ်ခ်ျမန် ဆိုအာဟာဒီကို သစ္စာခံသောတပ်များသည် လမ်းများပေါ်၌ တိုက်ခိုက်လျက်ရှိကြသည်။ သမ္မတသည် အေဒင်မြို့မှ ထွက်ပြေး သွားခဲ့ပြီး အာရပ်အဖွဲ့ချုပ် ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိသည်။

ယခင်သမ္မတဟောင်း အလီအဗ္ဗ ဒူလာဆာလားက အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလျက်ရှိသည်။ ၎င်းအား ထောက်ခံသူများက သူပုန် များနှင့်လက်တွဲ၍ တိုက်ပွဲဝင်လျက် ရှိသည်။

ဆော်ဒီအာရေဗျနိုင်ငံက ဒေသတွင်းမှ ၎င်း၏ပြိုင်ဘက် ရှီးယိုက်တို့ ကြီးစိုးသော အီရန်သည် ဟူသီ သူပုန်တို့ကို အားပေးလျက်ရှိသည်ဟု စွပ်စွဲသည်။

ရှေ့သို့ချီတက်နေကြသော သူပုန်များ ဆုတ်ခွာသွားကြစေရန်အတွက် ပင်လယ်ကွေ့နိုင်ငံများနှင့် အီဂျစ်နိုင်ငံ တို့ပါဝင်သော အရေးပေါ်စုစည်းထားသည့် နိုင်ငံစုံတပ်ဖွဲ့သည် ''အဆုံး အဖြတ်မုန်တိုင်း''ဟု အမည်ပေးထားသော စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲလျက်ရှိသည်။

ပင်လယ်ကွေ့နိုင်ငံများသည် ယီမင်စစ်ပွဲ၌ အောင်မြင်မှုကို လွယ်ကူစွာ သို့မဟုတ် မြန်ဆန်စွာမရနိုင်ကြောင်း သတင်းများက ပြောသည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဆော်ဒီဘုရင် ဆော်လ်မန်နှင့် သောကြာနေ့တွင် စကားပြောရာ၌ ဆော်ဒီ၏စစ်ရေးဆောင်ရွက်မှု ကို ၎င်းကထောက်ခံသည်ဟုဆိုသည်။

သမ္မတအိုဘားမားနှင့် ဘုရင်ဆော်လ်မန်တို့သည် နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးအဖြေရှာမှသာ ယီမင်နိုင်ငံ ထာဝရတည်ငြိမ်မှုရရှိမည် ဟူသောအချက်ကို သဘောတူညီကြသည်ဆို၏။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဆော်ဒီဦးဆောင်သည့် နိုင်ငံစုံတပ်ဖွဲ့ ယီမင်၌ ဆက်လက်တိုက်ခိုက် ဆော်ဒီဦးဆောင်သည့် နိုင်ငံစုံတပ်ဖွဲ့ ယီမင်၌ ဆက်လက်တိုက်ခိုက် Reviewed by သစ်ထူးလွင် on 03:30 Rating: 5
Powered by Blogger.