ကျပ်ငွေ သိန်းသုံးထောင် သို့မဟုတ် ဒေါ်လာ ၃ သိန်းလာဘ်စားမှုကြီးနဲ့ DVB
၂၀၁၁ ခုနှစ်အစမှာ အလှူရှင် ၂ ဦးဆီက အလှူငွေလျော့သွားတဲ့အတွက် သတ်မှတ်ဘတ်ဂျက် ခရိုနာ ၂၃ သန်းမရတော့ပဲ သန်း ၂၀ သာရတော့ကြောင်း၊ ဒီအတွက် DVB အုပ်ချုပ်ရေးမှာ ငွေကြေးအကျပ်တည်းကြုံ ရပြီး လုပ်ငန်းများ ပုံမှန်လည်ပတ်ဖို့မလွယ်တော့ကြောင်း၊ ဒါကြောင့် ၀ါရင့်သတင်းထောက် ၃ ဦးဖြစ်တဲ့ ထက်အောင်ကျော်၊ မခင်နှင်းထက်နဲ့ နန်းခမ်းကယောက်တို့ကို မလွှဲမရှောင်သာ အလုပ်ထုတ်လိုက်ရ ကြောင်း၊ နာကျင်တဲ့ဆုံးဖြတ်ချက်တခုကို မလွှဲမရှောင်သာချလိုက်ရကြောင်းဆိုတဲ့ DVB အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်ကို ရှေ့ကအခန်းတွေမှာ ပရိတ်သတ်တွေ ဖတ်မိပြီးဖြစ်မှာပါ။
အဲဒီလို ခရိုနာ ၃ သိန်း (ဒေါ်လာ ၄ သောင်းဝန်းကျင်) လိုငွေပြနေလို့ ၀ါရင့်သတင်းထောက် ၃ ဦးကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အလုပ်ထုတ်လိုက်ရပါတယ်ဆိုတဲ့ DVB မှာ ဒေါ်လာ ၃ သိန်း (ခရိုနာ သိန်း ၂၀ နီးပါး၊ ကျပ်ငွေ သိန်း ၃၀၀၀) လာဘ်စားမှုကြီးတခု ရှိနေပါတယ်ဆိုပြီး စက်တင်လာလ ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလာပါတယ်။ လာဘ်စားတဲ့အဖွဲ့က ပြည်တွင်း UG လုင်ပန်းတွေကို အဓိကဆောင်ရွက်နေတဲ့ Burma VJ အဖွဲ့တာဝန်ခံတွေဖြစ်တယ်လို့ DVB ညွန်မှုးတွေက ပြောပါတယ်။
ပြောတယ်ဆိုတာ တဦးချင်း၊ တယောက်ချင်းကို အလွတ်သဘောပြောတာမဟုတ်ပါ။ DVB-TV နဲ့ ရေဒီယိုတွေကနေ တနိုင်ငံလုံးဆီကြေညာခဲ့တာပါ။ ဒီတော့ BBC, VOA, RFA အပါဝင် စင်ပြိုင် ရေဒီယိုတွေ၊ တခြားသတင်းဌာနတွေကလည်း တော်လှန်ရေးသတင်းဌာနမှာ ဘယ်လိုလုပ် လာဘ်စား မှုဖြစ်တာလဲ၊ ဘယ်လိုတွေဖြစ်ကုန်ကြပြီလဲဆိုပြီး အင်တာဗျုးတွေလုပ်၊ မေးခွန်းတွေထုတ်ပေါ့။
DVB ဖက်ကပြောတာက ဒီလာဘ်စားမှုကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် လက်ရှိညွှန်မှုး ၂ ဦးဖြစ်သူ ကိုအေး ချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့ကို တာဝန်ကနေ ခေတ္တအနားပေးပြီး (တာဝန်နားပေမဲ့ လစာက ပုံမှန်အတိုင်း ဟုဆို) အရင်ညွှန်မှုးဟောင်း ဦးဟန်ညောင်ရွှေက ယာယီညွှန်မှုးအဖြစ်တာဝန်ယူမယ်လို့ ပြောပါတယ်။
တခါ (သတင်းအယ်ဒီတာ ကိုမိုးအေးနဲ့ ကျနော်တို့သတင်းအဖွဲ့တခုလုံး အဖြုတ်ခံရပြီးနောက်ပိုင်း နေရာရ လာသူ) ယာယီအယ်ဒီတာ ကိုသန်းဝင်းထွဋ်က ယာယီညွှန်မှုး ဦးဟန်ညောင်ရွှေကို အင်တာဗျုးလုပ်ပြီး အဲဒီနေ့မှာပဲ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် စွပ်စွဲခံရတဲ့ Burma VJ အဖွဲ့မှ ကိုမျိုးမင်းတို့ဖက်ကိုတော့ DVB ကမေးမြန်းထုတ်လွှင့်ပေးခြင်းမရှိပါဘူး။ ဒါကြောင့် ဒီထုတ်လွှင့်ချက်ဟာ တဖက်သတ်စွပ်စွဲချက်သာဖြစ် တယ်ဆိုပြီး ကိုမျိုးမင်းနိုင်တို့ဖက်က ပြန်လည်စွပ်စွဲခဲ့ပါတယ်။ (အပြန်အလှန်စွပ်စွဲချက်တွေ၊ ကြေညာချက် တွေကို အောက်ပါ လင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်)။
တိုက်ဆိုင်မှုဖြစ်ချင်တော့ ဦးဟန်ညောင်ရွှေဟာ DVB ညွှန်မှုးအဖြစ် ယာယီတာဝန်ယူနေစဉ် အောက်တိုဘာ လ အစောပိုင်းမှာ (DVB ယာယီညွန်မှုးတာဝန်မယူခင်ကတည်းက EU-Burma ရုံးအနေနဲ့စီစဉ်ထားတဲ့) မြန်မာနိုင်ငံဆီ ပြန်လည်ပတ်တဲ့ကိစ္စပေါ်လာတော့ လူအတော်များများက သို့လော၊ သို့လော မေးခွန်း ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်နေပြီဆိုပေမဲ့ ခွန်ထွန်းဦးအပါဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ မင်းကိုနိုင် အပါဝင်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ပြန်မလွတ်သေးပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်တောင် မကြေညာရသေးပါ။
ဒီလိုအချိန်မှာ DVB ယာယီညွှန်မှုးက ဘာကြောင့်ပြန်တာလဲ။ ပြန်သင့်တဲ့အချိန်ဟုတ်လို့လား၊ တော်လှန် ရေး မီဒီယာ DVB ဟာ အတိုက်ခံဖက်ကနေ အစိုးရဖက်ဆီ ယိမ်းသွားပြီလားဆိုပြီး မေးခွန်းထုတ် ကြ တာပေါ့။ ဒါပေမယ့် DVB မှ ချင်းမိုင်ရုံးတာဝန်ခံ (အဲဒီအချိန်မှာ အော်စလို ညွှန်မှုး ၂ ဦးကို တာဝန်က ယာယီရပ် ဆိုင်းထားဆဲဖြစ်တဲ့အတွက်) ကိုတိုးဇော်လတ်ကတော့ ဒီခရီးစဉ်ဟာ DVB နဲ့ ဘာမှမဆိုင်ပဲ ဦးဟန်ညောင်ရွှေရဲ့ ပုဂ္ဂိုလ်ရေးခရီးစဉ်သာဖြစ်တယ်ဆိုပြီး မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်နဲ့ Burma VJ ရဲ့ ပြန်လည်တုန့်ပြန်ချက်များ
ဒီလို သတင်းမျိုးစုံထွက်ပြီး ဝေဖန်မှုမျိုးစုံရှိနေချိန်မှာ DVB က ဒေါ်လာသောင်းချီပေး ငှားရမ်းထားတဲ့ အမေရိကန် ရှေ့နေအဖွဲ့ Price waterhouse Coopers (PwC) ဆီကနေ အစီရင်ခံစာထွက်လာပါတယ်။ အဲဒီအစီရင်ခံစာရဲ့တွေ့ရှိချက်အရ Burma VJ အဖွဲ့မှ တာဝန်ခံ ဦးမျိုးမင်းနိုင်နှင့် ဦးအောင်မျိုးကျော်တို့ဟာ ပြည်တွင်းသုံးငွေတွေကို မမှန်မကန်စာရင်းပြပြီး အဖွဲ့စည်းပိုင်ငွေကို ကိုယ်ကျိုးအတွက် အသုံးချခဲ့တာကို အထောက် အထားခိုင်လုံစွာနဲ့ တွေ့ရှိရတယ်ဆိုပြီး DVB ညွှန်မှုးတွေက ဒုတိယ အကြိမ် သတင်းထုတ်ပြန်ပါ တယ်။
အလွဲသုံးခဲ့တဲ့ ငွေပမာဏမှာ နော်ဝေးငွေ ၂၂ သိန်းကျော် (၂ ၂၁၈ ၁၄၁- ခရိုနာ) ဖြစ်ပြီး အမေရိကန်ဒေါ်လာ နဲ့ဆိုရင် ၃ သိန်းခွဲ ( ၃၆၉ ၀၇၅)၊ မြန်မာငွေ သိန်း ၃၀၀၀ ဖြစ်တယ်လို့ ဆိုပါတယ်။ အလွဲသုံးခံရတဲ့နေရာတွေ ကတော့ ပြည်တွင်းနှင့်မဲဆောက်ရုံးက တာဝန်ခံထားတဲ့ သတင်းထောက်များရဲ့လစာ၊ ဖမ်းဆီးခံသတင်း ထောက်များအတွက် ထောက်ပံ့ငွေ၊ ရုံးခန်းငှားခနဲ့လုပ်ငန်းလည်ပတ်စရိတ်တွေဖြစ်တယ်လို့ DVB ကြေညာ ချက်ကဆိုပါတယ်။
ဒီလိုအလွဲသုံးစာရင်းပြပြီး စုဆောင်းထားတဲ့ငွေတွေနဲ့ မြန်မာနိုင်ငံတွင်းမှာ အိမ်ခန်း၊ တိုက်ခန်း၊ မော်တော် ယဉ်၊ မြေကွက်များဝယ်ယူသည့်အပြင် လောင်းကစားနှင့် အခြားစီးပွါးပါလုပ်တယ်လို့ဆိုပါတယ်။ များပြား လှတဲ့ အဲဒီအလွဲသုံးငွေထဲက တချို့ကိုယူပြီး ဘတ်ငွေ နှစ်သန်းခုနှစ်သိန်းဖြင့် ဘန်ကောက်ကအိမ်တလုံးကို ၂၀၀၈ ခုနှစ်မှာ ၀ယ်ယူခဲ့တယ်လို့လဲဆိုပါတယ်။ နိဂုံးချုပ်မှာတော့ စုံစမ်းမှုကာလအတွင်း တာဝန်ကနေ ယာယီနှုတ်ထွက်ထားတဲ့ ညွန်မှုး ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့အား ၂၀၁၂ ခုနှစ် ဇန်နာဝါရီလ ၁ ရက်နေ့တွင် မူလတာဝန်များပြန်ထမ်းနေပြီ ဖြစ်သည်လို့ ပါရှိပါတယ်။
ဒါက DVB အာဏာပိုင်တွေဖက်က ကြေညာချက်ပါ။ Burma VJ အဖွဲ့မှ ကိုမျိုးမင်းနိုင်ကတော့ ဒီထုတ်ပြန် ချက်ဟာ DVB ကို မောင်ပိုင်စီးထားသူတွေက မီဒီယာကိုလက်ဦးမှုယူပြိး၊ မီဒီယာ ကျင့်ဝတ်ကိုဖောက် ဖျက်ပြီး တဖက်သတ် စွပ်စွဲသတင်းထုတ်ပြန်ခြင်းသာဖြစ်တယ်။ အခုတွေ့ရှိချက်ဆိုတာဟာ DVB ကနေ ငွေပေးငှားထားတဲ့အဖွဲ့ရဲ့ တွေ့ရှိချက်သာဖြစ်ပြီး ရဲအဖွဲ့ရဲ့ စုံစမ်းတွေ့ရှိချက်လည်းမဟုတ်၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်လည်းမဟုတ်ဘူး။ ဒီလို ဘာမှမသေချာသေးပဲနဲ့ သူ့ကို ပုဂ္ဂိုလ်ရ အမည်တပ်ပြီး အခုလိုစွပ်စွဲတဲ့ အတွက် နော်ဝေးဥပေဒအရ DVB ညွန်မှုးတွေကို အသေရေဖျက်မှုနဲ့ ပြန်လည်တရားစွဲမယ်လို့ပြောပါတယ်။
ပြောတဲ့အတိုင်းလည်း တရားစွဲဖို့ကြိုးစားခဲ့တယ်လို့သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဆိုရင် DVB အုပ်ချုပ်ရေးအဖွဲ့ကနေ ကိုမျိုးမင်းကို တရားစွဲတဲ့အမှုဟာ အချက်လက်မပြည်စုံတဲ့အပြင် အခင်းဖြစ်တဲ့နေရာက နော်ဝေးနိုင်ငံရဲ့ပြင်ပမှာဖြစ်နေတာကြောင့် နော်ဝေးရဲက အမှုကိုလက်မခံဘူးလို့သိရ ပါတယ်။ ဒါပေမယ့် ကိုမျိုးမင်းနိုင်ဖက်ကနေ အသရေဖျက်မှုနဲ့တရားပြန်စွဲတာကိုတော့ တရားရုံးက လက်ခံ လိုက်သလိုလိုကြားရပါတယ်။
ဒါပေမယ့် အထက်ဖေါ်ပြပါ (လင့်ခ်မှာပါတဲ့အတိုင်း) ၂၀၁၂ အစောပိုင်း ကြေညာချက်တွေမှအပ နောက် ဆက်တွဲ ထူးခြားမှုအခြေနေတွေကို ၂ ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိတော့ပါ။ တခြားမီဒီယာ တွေကလည်း ဒီမေးခွန်းကို ဘယ်သူမှ ထပ်မမေးတော့ပါဘူး။ ဘာကြောင့်လဲ။ ဒီလာဘ်စားမှုကြီးက ဘယ်လိုဖြစ်သွားတာလဲ။ လာဘ်စားငွေတွေကို စွပ်စွဲခံရသူတွေဖက်က ပြန်လျော်ပေးလို့အမှုကို ကျေအေးလိုက်တာလား။ ဒါမှမဟုတ် အလှူရှင် တဦးဦး ကနေ ၀င်စိုက်ပေးလိုက်တာလား။ ပြန်သိမ်းထားတယ်ဆိုတဲ့ ဘန်ကောက်က ဘတ်ငွေ ၂ သန်းကျော်တန် အိမ်ပါဝင် ရန်ကုန်က အိမ်တွေ၊ ကားတွေ၊ တိုက်ခန်းတွေ ဘယ်ရောက်ကုန်ပြီလဲ။
DVB စုံကော် လည်း ဦးသိန်းစိန် စုံကော်နဲ့ အတူတူပဲလား
ပြသာနာတခုဖြစ်တိုင်း မြန်မာအစိုးရဖက်က ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးလေ့ရှိပါတယ်။ ဒါပေမယ့် အပြီးသတ် အဖြေကတော့ ထွက်လာလေ့မရှိပါ။ အချိန်ကြာရင် သူ့အလိုလို သွေးအေးသွားပြီး ဘယ်သူကမှ ဘာမှမပြော တော့ အမှုကိုပိတ်လိုက်သလိုဖြစ်သွားလေ့ရှိပါတယ်။ အဲဒါဟို ၁၉၈၈ ဖုန်းမော်အရေးအခင်း စုံကော်ကနေ အခုနောက်ဆုံး လက်ပတောင်း စုံကော် အထိပါပဲ။
အစိုးရဖက်က စုံကော် ဖွဲ့ပြီး အဖျားရှုးသွားတာကိုဝေဖန်နေကြတဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေဟာ သူတို့ဖက်က စုံကော်တွေ အဖျားရှုးသွားတာမျိုးကိုကော မဝေဖန်ကြဘူးလား။ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ဆိုတာဟာ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်နဲ့ ရလာတဲ့ သတင်းဌာန၊ ပြည်တွင်းနဲ့ နယ်စပ်တကျောက တော်လှန်ရေးအဖွဲ့တွေရဲ့ကိုယ်စား ရလာတဲ့သတင်းဌာန၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ကိုယ်စားပြုပြီး ရလာတဲ့သတင်းဌာနမဟုတ်ပါလား။
ဒီဌာနကနေ ကမ္ဘာသိကြေညာပြိး ဖွဲ့ခဲ့တဲ့ ဒေါ်လာ ၃ သိန်း လာဘ်စားမှု စုံကော် အခု ဘယ်အခြေနေကို ရောက်နေပြီလဲ။ ဒီငွေတွေဟာ ကိုခင်မောင်ဝင်းနဲ့ ကိုမျိုးမင်းနိုင် ပုဂ္ဂလိကပိုင်တဲ့ငွေတွေမဟုတ်ပါ။ ဒီမိုကရေစီအရေးလှုပ်ရှားသူ အားလုံးပိုင်တဲ့ ငွေတွေဖြစ်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားနေသူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ဒီအမှုနောက်ဆုံးအခြေနေ ဘယ်လိုရှိတယ်။ အခြေနေတခုခုကြောင့် ကြေအေးလိုက်တာလား။ ဒါမှမဟုတ် နိုင်ငံရေးအခြေနေအရ ရွေ့ဆိုင်းထားတာလား။ စသဖြင့် တခုခုတော့ ပရိသတ်တွေဆီ ထုတ်ဖေါ်ကြေညာဖို့ လိုမယ်ထင်ပါတယ်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ DVB ရုံးတခုလုံး အော်စလိုကနေ ရန်ကုန်ပြောင်းသွားတဲ့အထိ ဘာမှမပြောပဲ ဒီအတိုင်း ငြိမ်နေလိုက်တာကတော့ DVB စုံကော် ဆိုတာဟာလဲ ဦးသိန်းစိန်အစိုးရကဖွဲ့ပေးထားတဲ့ စုံကော် တွေနဲ့ ဘာမှ မထူးခြားပဲ ဖြစ်သွားနိုင်ပါတယ်။ ပိုဆိုးတာက DVB မှာ ဘတ်ဂျက်မရှိလို့ဆိုပြီး ၀ါရင့်သတင်း ထောက်တွေကို အလုပ်ထုတ်လိုက်ပေမယ့် အဲဒီမရှိတဲ့ငွေထဲက ဒေါ်လာ ၃ သိန်းလာဘ်စားတယ်ဆိုတဲ့ လူတွေကိုတော့ ဘာမှအရေးယူ ဆောင်ရွက်ခြင်းမရှိပဲ ချန်ထားလိုက်တာဟာ ဦးသိန်းစိန်အစိုးရထက် DVB စုံကော် က ပိုဆိုးနေသလားဆိုပြီး မေးခွန်းထုတ်ဘွယ်ဖြစ်နေပါတယ်။ ။
............................................................................................
ဒေါ်လာ ၃ သိန်း လာဘ်စားမှုအကြောင်း ၂၀၁၂ ခုနှစ် ဇန်နာဝါရီလ ၂၀ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ DVB-TV အင်တာဗျုး...။
ကြေညာချက် အမှတ် -၁- (DVB)
၃၀-၀၉-၂၀၁၁
စက်တင်ဘာ ၃၀-ရက်နေ့ DVB အရေးပေါ် သတင်းထုတ်ပြန်ချက်...
DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်..
အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်..
ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်..
Length: 8:24
...............................................................
Statement:
possible embezzlement of DVB funds thumbnail
By DVB
Published: 30 September 2011
1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.
2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.
3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.
4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.
5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.
6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.
Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.
(Harald Bockman)
Contacts:
1. Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.
2. Mr. Harn Yawnghwe, Acting Executive Director, Tel +32 475 75 3632.
............................................
ကြေညာချက် ၁။ Burma VJ.
.................
ကြေညာချက် ၂ DVB
၂၀-၀၁-၂၀၁၁
ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေးအလွဲသုံးစားမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Published on January 20, 2012 by ဒီဗွီဘီ ·
၁။ ဒီမိုကရက်တစ်မြန်မာ့အသံ ပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်သူများက လုပ်ငန်းအတွက် သတ်မှတ်ပေးထားသော အဖွဲ့အစည်းပိုင် ငွေများကို အလွဲသုံးစားပြုလုပ်နေကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ အုပ်ချုပ်ရေး တာဝန်ရှိသူများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူးတို့က အထောက်အထားအခိုင်အမာ တွေ့ရှိခဲ့သည်။ ငွေကြေးစီမံခန့်ခွဲရေး အပါအဝင် မြန်မာပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်တာဝန်ယူသူ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန0x081ဒ၊ ကိုမျိုးကြီး) နှင့် ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့နှစ်ဦးသည် မမှန်ကန်သော ငွေစာရင်းများတင်ပြကာ ပုဂ0x081ဂိုလ်ရေး အကျိုးစီးပွားအတွက် အဖွဲ့ပိုင်ငွေကြေးများကို မတရားရယူနေကြောင်း သက်သေ အထောက်အထားများအရ သိရသည်။ ထို့ကြောင့် ယမန်နှစ် စက်တင်ဘာလက ထိုငွေကြေးအလွဲသုံးစားမှုကို အုပ်ချုပ်ရေး တာဝန်ရှိသူများက ဘုတ်အဖွဲ့သို့တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့က အဆိုပါ ငွေကြေးအလွဲသုံးစားမှုကို တာဝန်ယူ စုံစမ်းဖော်ထုတ်ခဲ့သည်။
၂။ လွတ်လပ်၍ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုကို ဦးတည်သောအားဖြင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နှင့် လက်ထောက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့သည် စုံစမ်းစစ်ဆေးမှု ပြီးသည်အထိ စီမံခန့်ခွဲရေးတာဝန်မှ ယာယီရပ်နားပြီး အသံလွှင့်လုပ်ငန်းပိုင်းကိုသာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း ဒီဗွီဘီ စီမံခန့်ခွဲရေးကို တာဝန်ယူရန် ယာယီ ဦးဆောင်ညွှန်ကြားမှူးအြဖစ် ဦးဟန်ညောင်ရွှေနှင့် ယာယီရုံးအုပ်ချုပ်ရေးမှူးအြဖစ် Ms. Vibeke Hermanrud တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။
၃။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှားရမ်းခဲ့သည်။ နော်ဝေး နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အခြေစိုက်သော PwC ရုံးခွဲများမှ စုံစမ်းစစ်ဆေးရေးမှူး ခြောက်ဦးသည် ယမန်နှစ် နိုဝင်ဘာလဆန်းမှစ၍ စုံစမ်းစစ်ဆေးခဲ့သည်။ အော်စလိုမြို့ ဒီမိုကရက်တစ်မြန်မာ့အသံ ရုံးချုပ်ရှိ ဝန်ထမ်းများကို ပထမမေးမြန်းပြီး ငွေစာရင်းများ၊ သက်သေ အထောက်အထားများကို စစ်ဆေးခဲ့သည်။ နော်ဝေး PwC ရုံးမှ စစ်ဆေးရေးမှူးနှစ်ဦးနှင့် ထိုင်းနိုင်ငံ PwC ရုံးမှ စစ်ဆေးရေးမှူး တဦးတို့က နိုဝင်ဘာလလယ်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း စုံစမ်းစစ်ဆေးခဲ့သည်။
၎။ ယခုအခါ PwC က 0x158င်းတို့စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက တွေ့ရှိချက်များထဲတွင် အောက်ပါအချက်များ ပါဝင်သည်။
(က) ဒီမိုကရက်တစ်မြန်မာ့အသံ၏ ပြည်တွင်း သတင်းလုပ်ငန်း ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီးကြပ်နေသော အော်စလိုအခြေစိုက် တာဝန်ခံ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန0x081ဒ၊ ကိုမျိုးကြီး) နှင့် ပြည်တွင်းသတင်းလုပ်ငန်းအတွက် ငွေကြေးကို မဲဆောက်မှ ကြီးကြပ်သူ ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့ နှစ်ဦးမှာ အလွဲသုံးစားလုပ်သူများ ဖြစ်ကြောင်း PwC အစီရင်ခံစာ က ထောက်ပြထားသည်။
(ခ) အလွဲသုံးစားလုပ်ခဲ့သည်ဟု PwC က အတည်ပြုသော ငွေပမာဏမှာ နော်ဝေးငွေ ကရောင်း ၂,၂၁၈,၁၄၁၊ (အမေရိကန်ဒေါ်လာ ၃၆၉,၀၇၅၊ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံးစား ပြုလုပ်ခံရသော ငွေများမှာ ပြည်တွင်းနှင့် မဲဆောက်ရုံးတာဝန်ကျ သတင်းထောက်နှင့် ဝန်ထမ်းများ၏ လစာငွေများ၊ ဖမ်းဆီးခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်များ၏ မိသားစုများအတွက် ပေးသော ထောက်ပံ့ငွေများ၊ ရုံးခန်းငှားခများနှင့် လုပ်ငန်း လည်ပတ်စရိတ်အတွက် သတ်မှတ်ပေးထားသော ငွေများဖြစ်သည်။
(ဂ) အလွဲသုံးစားလုပ်၍ စုဆောင်းရရှိသော ငွေများဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အိမ်များ၊ တိုက်ခန်းများ၊ မော်တော်ယာဉ်များ၊ မြေကွက်များ ဝယ်ယူထားသည့်အြပင် လောင်းကစားနှင့် အြခား စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။
(ဃ) အကျဉ်းထောင်အသီးသီးတွင် ထောင်ချခံခဲ့ရသည့် ဒီဗွီဘီ သတင်းထောက်များနှင့် မိသားဝင်များအတွက် ထောက်ပံ့ငွေများကိုအလည်း အလွဲသုံးစား လုပ်ခဲ့ကြသည်။
၅။ အလွဲသုံးစားငွေများထဲမှ ဘတ်ငွေ နှစ်သန်းခုနစ်သိန်းဖြင့် ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထားသော ဘန်ကောက်မြို့ရှိ အိမ်တလုံးကို ဒီမိုကရက်တစ်မြန်မာ့အသံက ပြန်လည်သိမ်းယူထားပြီးဖြစ်သည်။ ကျန်နေသေးသော အထက်ဖော်ပြပါ ပစ0x081စည်းများကို သိမ်းယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်။
၆။ စုံစမ်းစစ်ဆေးမှု စတင်ကတည်းက ဖော်ပြပါ အလွဲသုံးစား လုပ်သူများသည် သူတို့အပေါ် နိုင်ငံရေး လုပ်ကြံမှုဖြစ်ကြောင်း ကောလာဟလသတင်းများ လွှင့်ခဲ့သည်။ ပြည်တွင်းသတင်း ကွန်ရက်တွင် တာဝန်ထမ်းဆောင်နေသော သတင်းထောက်များနှင့် နိုင်ငံရေးအဖွဲ့များအြကား သတင်းမှားများ ဖြန့်ချိကာ ဒီမိုကရက်တစ်မြန်မာ့အသံ အကွဲအြပဲဖြစ်သယောင် လုပ်ဆောင်နေသည်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက်များ၏ စွန့်စားလုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားသည့် “Burma VJ” မှတ်တမ်းတင် ရုပ်ရှင်ကား အမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သော အဖွဲ့ကို တည်ထောင်ထားသည်။ ထို့အြပင် ဒီမိုကရက်တစ်မြန်မာ့အသံက ထုတ်ပေးထားသော ပစ0x081စည်းကိရိယာများ၊ ဒီမိုကရက်တစ်မြန်မာ့အသံ မူပိုင်ဖြစ်သော archive ဗွီဒီယို၊ ဓာတ်ပုံနှင့် အြခား အရေးကြီး သတင်းအချက်အလက်များကိုလည်း ပြန်လည်အပ်နှံခြင်းမရှိဘဲ သိမ်းယူထားဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ0x081စည်းများအား အလွဲသုံးစား လုပ်ထားခြင်းအပေါ် ဆက်လက် အရေးယူဆောင်ရွက်သွားမည်။
၇။ အခက်အခဲများစွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့အသံတွင် ဆက်လက် တာဝန်ထမ်းဆောင်နေသော ပြည်တွင်းသတင်းကွန်ရက်မှ သတင်းထောက်များအားလုံးကို ချီးကျူးဂုဏ်ပြုပါသည်။ အြဖစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပြန်လည်လက်တွဲလုပ်ကိုင်လိုသော ဒီဗွီဘီ သတင်းထောက်များအားလုံးကို ဖိတ်ခေါ်ပါသည်။၈။ ဘုတ်အဖွဲ့က ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို 0x158င်းတို့ယာယီနုတ်ထွက်ထားသော ရာထူးများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးများတွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက အသီးသီး ပြန်လည်ခန့်အပ်ထားပြီး ဖြစ်သည်။
ဆက်သွယ်ရန်1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့ဥက0x081ကဋ0x081ဌ၊ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့အသံရှေ့နေ၊ ev@gmco.no, +47 92 88 67 79
3. ဦးအေးချမ်းနိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ acn@dvb.no, +47 91107743
4. ဦးခင်မောင်ဝင်း၊ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး၊ kmw@dvb.no, +47 45276649ဇန်နဝါရီလ (၂၀) ရက်နေ့၊ ၂၀၁၂ ခုနှစ်။ အော်စလိုမြို့
......................................................................................................................................
ကြေငြာချက်အမှတ် -၂- (Burma VJ)
၂၄-၀၁-၂၀၁၂
ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်
ဇန်န၀ါရီလ ၂၄ ရက်၊၂၀၁၂
နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနသည် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၂၀ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။ထိုသတင်းထုတ်ပြန်ချက်ထဲတွင် ဘားမားဗီဂျေမီဒီယာ အား သိက္ခာကျစေမည့် အချက်အလက်များ ထည့်သွင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ ရှိရသည်။
ဒီဗီဘီ ၏ စွပ်စွဲချက်များသည် မှားယွင်းပြီး ၊ ကိုယ်ပိုင်မီဒီယာ အားကိုးဖြင့် မီဒီယာကျင့်ဝတ် ချိုးဖောက်ကာ အခြား မီဒီယာတစ်ခု အား နစ်နာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ် သည် မီဒီယာ အလွဲသုံးစားလုပ်မှုတစ်ခုဖြစ်ပြီး၊ တဖက် မီဒီယာတစ်ခုကို နစ်နာ အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဘားမားဗီဂျေမီဒီယာ မှ ယုံကြည်သည်။
(၁) ၂၀၀၆နှစ်ကုန်ပိုင်းမှစကာနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် DVB နှင့် ဘားမားဗီဂျေ အဖွဲ့ တို့ သည် ၂၀၁၁ စက်တင်ဘာလတွင် တရားဝင် လမ်းခွဲခဲ့ပြီးဖြစ်သည်။ ဘားမားဗီဂျေ ပြည်တွင်း နက်ဝက်မန်နေဂျာများနှင့် DVB ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်မျက်နှာချင်း ဆိုင်တွေ့ ဆုံ အကြေအလည် ဆွေးနွေးပြီးမှ ကျေနပ်ဖွယ်ရာ ကတိက၀တ်များကို ဒီဗီဘီ အနေဖြင့် မပေးနိုင်သဖြင့် ဆက်လက်ပြီး လက်တွဲလုပ်ရန် အခြေအနေမရှိတော့သဖြင့် အားလုံး သဘောတူ လမ်းခွဲ ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခွဲပြီးပြီးချင်း လျှင်ပင် ဒီဗီဘီ ၏ တောင်းဆိုမှုအရ ပြည်တွင်းနက်ဝက်၏ စီမံနိုင်မှု နယ်ပယ် အောက်တွင် ရှိသည့် ဒီဗီဘီ နှင့် သက်ဆိုင်သည့် ရုံးများ၊ ကွန်ပြူတာပစ္စည်းများ၊ကင်မရာများ၊ဗီဒီယို တိတ်များကို ချင်းမိုင်ရုံး တာဝန်ခံ ကိုတိုးဇော်လတ် ထံသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်တွင်းကိစ္စရပ် များကို ဒီဗီဘီ မှ ၂၀၁၁ သြဂုတ်လ မတိုင်မီကပင် တိုက်ရိုက် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည့် အတွက် ထိုကိစ္စအတွက်ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများ(ဥပမာ-ပစ္စည်းများအား ထိန်းသိမ်း ခြင်း)တို့ အတွက် တာဝန်ရှိသူမှာ ဒီဗီဘီ သာလျှင် ဖြစ်ပါသည်။
(၂)DVB နှင့်လမ်းခွဲပြီးနောက် ဘားမားဗီဂျေအဖွဲ့ အနာဂတ်အတွက် ကိုယ်ပိုင်အွန်လိုင်း မီဒီယာတစ်ခု တည်ထောင်ရန် အဖွဲ့ ဝင် များဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ကိုယ်ပိုင်မီဒီယာထောင်ရခြင်းရည်ရွယ်ချက် သည်မည်သူ့ ကိုမှ စင်ပြိုင်ထောင်ချင်း မဟုတ်ဘဲ ၊ပြည်တွင်းပြည်ပ သတင်းများကို ပရိသတ်များအချိန်နှင့် တစ်ပြေးညီပိုမိုသိရှိနိုင်စေရန်ဖြစ်သည်။DVB နှင့်ပြဿနာ ရှင်းရှင်းလင်းလင်းဖြစ် စေရန် ငွေကြေးကိစ္စ စွတ်စွဲခံထားရသည့် ကိုမျိုးမင်းနိုင်၊ကိုအောင်မျိုးကျော်တို့ နှစ်ဦးအား ပြဿနာ ဖြေရှင်းမပြီး မချင်း နက်ဝက်တာဝန်ခံများ အဖြစ်မှရပ်စဲထားရန်သဘောတူခဲ့သည်။ ၎င်းတို့ နှစ်ဦးနေရာတွင်နက်ဝက် စတင်တည် ထောင်ရာ မှာပါဝင်ခဲ့သည့် ကိုအောင်ကြီး(ခ)ကိုအောင်သွင်နှင့်၊ကိုအောင်ထွန်း(ခ)ကိုစံ တို့ က အစားထိုး ဆက်လက်ဦး ဆောင်ခဲ့ကြသည်။
(၃)DVB မှစွပ်စွဲနေသောငွေကြေးအရှုပ်အရှင်းကိစ္စသည် စွပ်စွဲသူDVB နှင့်စွပ်စွဲခံရသူကိုမျိုးမင်းနိုင်၊ ကိုအောင်မျိုးကျော်တို့  နှစ်ဘက်အကြားဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စသာဖြစ်ပြီး၊ လက်ရှိ ဘားမားဗီဂျေနက်ဝက်နှင့် လုံးဝပတ်သက်ခြင်းမရှိပါ။
(၄)DVB၏သတင်းထုတ်ပြန်ချက်ထဲတွင်Burma VJ မှတ်တမ်းရှပ်ရှင်ကားအမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သောအဖွဲ့ ကို တည်ထောင်ထားသည် ဟု ရေးသားထားသည်။ ထိုရေးသားချက်လုံးဝမမှန်ပါ။Burma VJ Network မှာလက်ရှိ ဦးဆောင်နေသူ ကိုအောင်ကြီး၊ ကိုအောင်ထွန်း အပါအ၀င် အခြားအဖွဲ့ သားများသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း ထောင်ကျခံ သက်စွန့် ဆံဖျား ဗီဒီယို ရိုက်ကူးခဲ့ကြသူများဖြစ်သည်။ထို ဗီဒီယိုအရုပ်များဖြင့်လည်း အော်စကာဆု ဆန်ကာတင် စာရင်းဝင် ဘားမားဗီဂျေ မှတ်တမ်း ရုပ်ရှင်ကားကို ဖန်တီး နိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့အရေးကို ကမ္ဘာက ပိုမိုသိရှိစေရန် ကူညီလုပ်ဆောင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဗီဒီယို ဂျာနယ်လစ် အဖြစ် ထဲထဲဝင်ဝင် ပါဝင်ပက်သက် သတင်းယူခဲ့သူ များ မှ ဘားမားဗီဂျေ အမည်အား အများအကျိုးအတွက် အသုံးပြုခြင်းကို ဒီဗီဘီ အနေ ဖြင့် ဝေဖန်ကန့် ကွက်ပိုင်ခွင့် မရှိပါ။
(၅) DVB နှင့်သက်ဆိုင်သည့် အသုံးပြုနိုင်သည့် မှတ်တမ်း ဗီဒီယို၊ဓါတ်ပုံနှင့် အခြားအရေးကြီး သတင်းအချက် အလက် များအား ပြန်လည် အပ်နှံထားပြီး ဖြစ်သဖြင့် ဘာမားဗီဂျေမီဒီယာ ၏ လက်ရှိ မှတ်တမ်းရုပ်ပုံများ၊သတင်းအချက်အလက်များမှာ နက်ဝက်ကိုယုံကြည်သဖြင့် ပေးပို့ လာသော သတင်းထောက် များနှင့် ပြည်သူ့ သတင်းထောက်များ၏ ထည့်ဝင်ကူညီမှုသာ ဖြစ်ပြီး ဒီဗီဘီ အနေဖြင့် သက်ဆိုင်နေသေးကြောင်း တစုံတရာ ပြောဆိုခွင့်မရှိပါ။ ဘားမားဗီဂျေ ၏ အင်တာနက် စာမျက်နှာ များတွင်လည်း ထို အရုပ်များကိုအကျိုးအမြတ် အတွက် မဟုတ်ဘဲ လွတ်လွတ်လပ်လပ် သုံးနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။
DVB ၏စွပ်စွဲထုတ်ပြန်ချက်များသည် စွပ်စွဲခံရသူများနှင့်သာ ပြစ်မှုကျုးလွန်ခြင်းရှိ/မရှိ ဥပဒေ အ ကြောင်းအရဆောင်ရွက်ရန်သာဖြစ်သည်။ပြစ်မှုကြောင်းအရဆိုပြီး သတင်းထုတ်ပြန်ချက်ထဲတွင် ဘားမား ဗီဂျေ မီဒီယာနာမည် ကို ထည့်သွင်းပုတ်ခတ် ပြောဆိုဖို့ မသင့်ပါ။ ထိုသို့ ပြောဆိုခြင်းသည် မီဒီယာအားကိုးဖြင့် အခြား မီဒီယာတစ်ခုက အသရေဖျက်ခြင်းသာဖြစ်သည်။ပြည်သူ့ ဝန်ထမ်း တီဗီ(PBS-Public Broadcast Service)အဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် ဆိုသည့် မီဒီယာကြီး တခုကို လိုသလို အသုံးချပြီး မိမိတို့ဝန်ထမ်းအချင်းချင်းပြန်လှန် မေးမြန်းကာ မီဒီယာ ငယ် တခုကို ရပ်တည်ခွင့် မရရန် ကြိုးပမ်းနေခြင်းသည် လွတ်လပ်ပွင့်လင်းလာမည့် မြန်မာ့ မီဒီယာ လောက အတွက်လည်း ရှေ့ နမိတ်မကောင်းနိုင်သလို မြန်မာစာနယ်ဇင်းလောက တွင်လည်း သမိုင်း အမည်းစက်ဖြစ်မည် ဖြစ်ပါသည်။
ထို့ ကြောင့် ဘားမားဗီဂျေမီဒီယာ နက်ဝက် ကို လည်းကောင်း၊ လက်ရှိ ဘားမားဗီဂျေ အဖွဲ့ ဝင် များကို လည်းကောင်း ထိခိုက်နစ်နာစေရန်၊ ဂုဏ်သတင်း ကျဆင်းစေရန် ရည်ရွယ် လုပ်ဆောင်နေသည့် လုပ်ရပ် အားလုံးကို ချက်ချင်းရပ်တန့် ရန် ဘားမားဗီဂျေ မီဒီယာ မှအပြင်းအထန် သတိ ပေးလိုက် သည်။ ဘားမားဗီဂျေမီဒီယာ အနေဖြင့် ဒီဗီဘီ ၏ အသရေ ဖျက်မှု နှင့် မီဒီယာကျင့်ဝတ် ချိုးဖောက်မှု များအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း နှင့် နိုင်ငံတကာ မီဒီယာများ မှ တဆင့် ထုတ်ဖော် ပြောဆိုခြင်း အပါအ၀င် သင့်တော်သောနည်းလမ်းများဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
ဘားမားဗီဂျေမီဒီယာနက်ဝက်(BurmaVJ Media Network)
အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုအောင်ကြီး(အင်္ဂလန်) +447760411510
ကိုအောင်ထွန်း (ထိုင်း) +66880113187
...............................................................................................................
မျိုးမင်းနိုင်။ ကိုနန္ဒ ခေါ် ကိုနေထွန်းရဲ့ တုန့်ပြန်ချက်
၂၆-၀၁-၂၀၁၂
၂၀၁၁ ခုနှစ်အစမှာ အလှူရှင် ၂ ဦးဆီက အလှူငွေလျော့သွားတဲ့အတွက် သတ်မှတ်ဘတ်ဂျက် ခရိုနာ ၂၃ သန်းမရတော့ပဲ သန်း ၂၀ သာရတော့ကြောင်း၊ ဒီအတွက် DVB အုပ်ချုပ်ရေးမှာ ငွေကြေးအကျပ်တည်းကြုံ ရပြီး လုပ်ငန်းများ ပုံမှန်လည်ပတ်ဖို့မလွယ်တော့ကြောင်း၊ ဒါကြောင့် ၀ါရင့်သတင်းထောက် ၃ ဦးဖြစ်တဲ့ ထက်အောင်ကျော်၊ မခင်နှင်းထက်နဲ့ နန်းခမ်းကယောက်တို့ကို မလွှဲမရှောင်သာ အလုပ်ထုတ်လိုက်ရ ကြောင်း၊ နာကျင်တဲ့ဆုံးဖြတ်ချက်တခုကို မလွှဲမရှောင်သာချလိုက်ရကြောင်းဆိုတဲ့ DVB အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်ကို ရှေ့ကအခန်းတွေမှာ ပရိတ်သတ်တွေ ဖတ်မိပြီးဖြစ်မှာပါ။
(ဒေါ်လာ ၃ သိန်း လာဘ်စားမှုအကြောင်း စပြောတဲ့ DVB ယာယီညွန်မှုးနှင့် ယာယီအယ်ဒီတာ) |
ပြောတယ်ဆိုတာ တဦးချင်း၊ တယောက်ချင်းကို အလွတ်သဘောပြောတာမဟုတ်ပါ။ DVB-TV နဲ့ ရေဒီယိုတွေကနေ တနိုင်ငံလုံးဆီကြေညာခဲ့တာပါ။ ဒီတော့ BBC, VOA, RFA အပါဝင် စင်ပြိုင် ရေဒီယိုတွေ၊ တခြားသတင်းဌာနတွေကလည်း တော်လှန်ရေးသတင်းဌာနမှာ ဘယ်လိုလုပ် လာဘ်စား မှုဖြစ်တာလဲ၊ ဘယ်လိုတွေဖြစ်ကုန်ကြပြီလဲဆိုပြီး အင်တာဗျုးတွေလုပ်၊ မေးခွန်းတွေထုတ်ပေါ့။
DVB ဖက်ကပြောတာက ဒီလာဘ်စားမှုကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် လက်ရှိညွှန်မှုး ၂ ဦးဖြစ်သူ ကိုအေး ချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့ကို တာဝန်ကနေ ခေတ္တအနားပေးပြီး (တာဝန်နားပေမဲ့ လစာက ပုံမှန်အတိုင်း ဟုဆို) အရင်ညွှန်မှုးဟောင်း ဦးဟန်ညောင်ရွှေက ယာယီညွှန်မှုးအဖြစ်တာဝန်ယူမယ်လို့ ပြောပါတယ်။
တခါ (သတင်းအယ်ဒီတာ ကိုမိုးအေးနဲ့ ကျနော်တို့သတင်းအဖွဲ့တခုလုံး အဖြုတ်ခံရပြီးနောက်ပိုင်း နေရာရ လာသူ) ယာယီအယ်ဒီတာ ကိုသန်းဝင်းထွဋ်က ယာယီညွှန်မှုး ဦးဟန်ညောင်ရွှေကို အင်တာဗျုးလုပ်ပြီး အဲဒီနေ့မှာပဲ ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် စွပ်စွဲခံရတဲ့ Burma VJ အဖွဲ့မှ ကိုမျိုးမင်းတို့ဖက်ကိုတော့ DVB ကမေးမြန်းထုတ်လွှင့်ပေးခြင်းမရှိပါဘူး။ ဒါကြောင့် ဒီထုတ်လွှင့်ချက်ဟာ တဖက်သတ်စွပ်စွဲချက်သာဖြစ် တယ်ဆိုပြီး ကိုမျိုးမင်းနိုင်တို့ဖက်က ပြန်လည်စွပ်စွဲခဲ့ပါတယ်။ (အပြန်အလှန်စွပ်စွဲချက်တွေ၊ ကြေညာချက် တွေကို အောက်ပါ လင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်)။
တိုက်ဆိုင်မှုဖြစ်ချင်တော့ ဦးဟန်ညောင်ရွှေဟာ DVB ညွှန်မှုးအဖြစ် ယာယီတာဝန်ယူနေစဉ် အောက်တိုဘာ လ အစောပိုင်းမှာ (DVB ယာယီညွန်မှုးတာဝန်မယူခင်ကတည်းက EU-Burma ရုံးအနေနဲ့စီစဉ်ထားတဲ့) မြန်မာနိုင်ငံဆီ ပြန်လည်ပတ်တဲ့ကိစ္စပေါ်လာတော့ လူအတော်များများက သို့လော၊ သို့လော မေးခွန်း ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်နေပြီဆိုပေမဲ့ ခွန်ထွန်းဦးအပါဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ မင်းကိုနိုင် အပါဝင်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ပြန်မလွတ်သေးပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်တောင် မကြေညာရသေးပါ။
ဒီလိုအချိန်မှာ DVB ယာယီညွှန်မှုးက ဘာကြောင့်ပြန်တာလဲ။ ပြန်သင့်တဲ့အချိန်ဟုတ်လို့လား၊ တော်လှန် ရေး မီဒီယာ DVB ဟာ အတိုက်ခံဖက်ကနေ အစိုးရဖက်ဆီ ယိမ်းသွားပြီလားဆိုပြီး မေးခွန်းထုတ် ကြ တာပေါ့။ ဒါပေမယ့် DVB မှ ချင်းမိုင်ရုံးတာဝန်ခံ (အဲဒီအချိန်မှာ အော်စလို ညွှန်မှုး ၂ ဦးကို တာဝန်က ယာယီရပ် ဆိုင်းထားဆဲဖြစ်တဲ့အတွက်) ကိုတိုးဇော်လတ်ကတော့ ဒီခရီးစဉ်ဟာ DVB နဲ့ ဘာမှမဆိုင်ပဲ ဦးဟန်ညောင်ရွှေရဲ့ ပုဂ္ဂိုလ်ရေးခရီးစဉ်သာဖြစ်တယ်ဆိုပြီး မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်နဲ့ Burma VJ ရဲ့ ပြန်လည်တုန့်ပြန်ချက်များ
ဒီလို သတင်းမျိုးစုံထွက်ပြီး ဝေဖန်မှုမျိုးစုံရှိနေချိန်မှာ DVB က ဒေါ်လာသောင်းချီပေး ငှားရမ်းထားတဲ့ အမေရိကန် ရှေ့နေအဖွဲ့ Price waterhouse Coopers (PwC) ဆီကနေ အစီရင်ခံစာထွက်လာပါတယ်။ အဲဒီအစီရင်ခံစာရဲ့တွေ့ရှိချက်အရ Burma VJ အဖွဲ့မှ တာဝန်ခံ ဦးမျိုးမင်းနိုင်နှင့် ဦးအောင်မျိုးကျော်တို့ဟာ ပြည်တွင်းသုံးငွေတွေကို မမှန်မကန်စာရင်းပြပြီး အဖွဲ့စည်းပိုင်ငွေကို ကိုယ်ကျိုးအတွက် အသုံးချခဲ့တာကို အထောက် အထားခိုင်လုံစွာနဲ့ တွေ့ရှိရတယ်ဆိုပြီး DVB ညွှန်မှုးတွေက ဒုတိယ အကြိမ် သတင်းထုတ်ပြန်ပါ တယ်။
(လာဘ်စားငွေနဲ့ ၀ယ်ယူခဲ့သည်ဟုဆိုသော ဘတ် ၃ သန်းနီးပါတန် ဘန်ကောက်က နေအိမ် အခု ဘယ်သူ လက်ထဲမှာလဲ) |
ဒီလိုအလွဲသုံးစာရင်းပြပြီး စုဆောင်းထားတဲ့ငွေတွေနဲ့ မြန်မာနိုင်ငံတွင်းမှာ အိမ်ခန်း၊ တိုက်ခန်း၊ မော်တော် ယဉ်၊ မြေကွက်များဝယ်ယူသည့်အပြင် လောင်းကစားနှင့် အခြားစီးပွါးပါလုပ်တယ်လို့ဆိုပါတယ်။ များပြား လှတဲ့ အဲဒီအလွဲသုံးငွေထဲက တချို့ကိုယူပြီး ဘတ်ငွေ နှစ်သန်းခုနှစ်သိန်းဖြင့် ဘန်ကောက်ကအိမ်တလုံးကို ၂၀၀၈ ခုနှစ်မှာ ၀ယ်ယူခဲ့တယ်လို့လဲဆိုပါတယ်။ နိဂုံးချုပ်မှာတော့ စုံစမ်းမှုကာလအတွင်း တာဝန်ကနေ ယာယီနှုတ်ထွက်ထားတဲ့ ညွန်မှုး ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့အား ၂၀၁၂ ခုနှစ် ဇန်နာဝါရီလ ၁ ရက်နေ့တွင် မူလတာဝန်များပြန်ထမ်းနေပြီ ဖြစ်သည်လို့ ပါရှိပါတယ်။
ဒါက DVB အာဏာပိုင်တွေဖက်က ကြေညာချက်ပါ။ Burma VJ အဖွဲ့မှ ကိုမျိုးမင်းနိုင်ကတော့ ဒီထုတ်ပြန် ချက်ဟာ DVB ကို မောင်ပိုင်စီးထားသူတွေက မီဒီယာကိုလက်ဦးမှုယူပြိး၊ မီဒီယာ ကျင့်ဝတ်ကိုဖောက် ဖျက်ပြီး တဖက်သတ် စွပ်စွဲသတင်းထုတ်ပြန်ခြင်းသာဖြစ်တယ်။ အခုတွေ့ရှိချက်ဆိုတာဟာ DVB ကနေ ငွေပေးငှားထားတဲ့အဖွဲ့ရဲ့ တွေ့ရှိချက်သာဖြစ်ပြီး ရဲအဖွဲ့ရဲ့ စုံစမ်းတွေ့ရှိချက်လည်းမဟုတ်၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်လည်းမဟုတ်ဘူး။ ဒီလို ဘာမှမသေချာသေးပဲနဲ့ သူ့ကို ပုဂ္ဂိုလ်ရ အမည်တပ်ပြီး အခုလိုစွပ်စွဲတဲ့ အတွက် နော်ဝေးဥပေဒအရ DVB ညွန်မှုးတွေကို အသေရေဖျက်မှုနဲ့ ပြန်လည်တရားစွဲမယ်လို့ပြောပါတယ်။
ပြောတဲ့အတိုင်းလည်း တရားစွဲဖို့ကြိုးစားခဲ့တယ်လို့သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဆိုရင် DVB အုပ်ချုပ်ရေးအဖွဲ့ကနေ ကိုမျိုးမင်းကို တရားစွဲတဲ့အမှုဟာ အချက်လက်မပြည်စုံတဲ့အပြင် အခင်းဖြစ်တဲ့နေရာက နော်ဝေးနိုင်ငံရဲ့ပြင်ပမှာဖြစ်နေတာကြောင့် နော်ဝေးရဲက အမှုကိုလက်မခံဘူးလို့သိရ ပါတယ်။ ဒါပေမယ့် ကိုမျိုးမင်းနိုင်ဖက်ကနေ အသရေဖျက်မှုနဲ့တရားပြန်စွဲတာကိုတော့ တရားရုံးက လက်ခံ လိုက်သလိုလိုကြားရပါတယ်။
ဒါပေမယ့် အထက်ဖေါ်ပြပါ (လင့်ခ်မှာပါတဲ့အတိုင်း) ၂၀၁၂ အစောပိုင်း ကြေညာချက်တွေမှအပ နောက် ဆက်တွဲ ထူးခြားမှုအခြေနေတွေကို ၂ ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိတော့ပါ။ တခြားမီဒီယာ တွေကလည်း ဒီမေးခွန်းကို ဘယ်သူမှ ထပ်မမေးတော့ပါဘူး။ ဘာကြောင့်လဲ။ ဒီလာဘ်စားမှုကြီးက ဘယ်လိုဖြစ်သွားတာလဲ။ လာဘ်စားငွေတွေကို စွပ်စွဲခံရသူတွေဖက်က ပြန်လျော်ပေးလို့အမှုကို ကျေအေးလိုက်တာလား။ ဒါမှမဟုတ် အလှူရှင် တဦးဦး ကနေ ၀င်စိုက်ပေးလိုက်တာလား။ ပြန်သိမ်းထားတယ်ဆိုတဲ့ ဘန်ကောက်က ဘတ်ငွေ ၂ သန်းကျော်တန် အိမ်ပါဝင် ရန်ကုန်က အိမ်တွေ၊ ကားတွေ၊ တိုက်ခန်းတွေ ဘယ်ရောက်ကုန်ပြီလဲ။
DVB စုံကော် လည်း ဦးသိန်းစိန် စုံကော်နဲ့ အတူတူပဲလား
ပြသာနာတခုဖြစ်တိုင်း မြန်မာအစိုးရဖက်က ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးလေ့ရှိပါတယ်။ ဒါပေမယ့် အပြီးသတ် အဖြေကတော့ ထွက်လာလေ့မရှိပါ။ အချိန်ကြာရင် သူ့အလိုလို သွေးအေးသွားပြီး ဘယ်သူကမှ ဘာမှမပြော တော့ အမှုကိုပိတ်လိုက်သလိုဖြစ်သွားလေ့ရှိပါတယ်။ အဲဒါဟို ၁၉၈၈ ဖုန်းမော်အရေးအခင်း စုံကော်ကနေ အခုနောက်ဆုံး လက်ပတောင်း စုံကော် အထိပါပဲ။
(စွပ်စွဲမှုကို အဓိကဦးဆောင်သူ ကိုခင်မောင်ဝင်း) |
(စွပ်စွဲခံရသူ Burma VJ မှ ကိုမျိုးမင်းနိုင်) |
ဒီဌာနကနေ ကမ္ဘာသိကြေညာပြိး ဖွဲ့ခဲ့တဲ့ ဒေါ်လာ ၃ သိန်း လာဘ်စားမှု စုံကော် အခု ဘယ်အခြေနေကို ရောက်နေပြီလဲ။ ဒီငွေတွေဟာ ကိုခင်မောင်ဝင်းနဲ့ ကိုမျိုးမင်းနိုင် ပုဂ္ဂလိကပိုင်တဲ့ငွေတွေမဟုတ်ပါ။ ဒီမိုကရေစီအရေးလှုပ်ရှားသူ အားလုံးပိုင်တဲ့ ငွေတွေဖြစ်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားနေသူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ဒီအမှုနောက်ဆုံးအခြေနေ ဘယ်လိုရှိတယ်။ အခြေနေတခုခုကြောင့် ကြေအေးလိုက်တာလား။ ဒါမှမဟုတ် နိုင်ငံရေးအခြေနေအရ ရွေ့ဆိုင်းထားတာလား။ စသဖြင့် တခုခုတော့ ပရိသတ်တွေဆီ ထုတ်ဖေါ်ကြေညာဖို့ လိုမယ်ထင်ပါတယ်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ DVB ရုံးတခုလုံး အော်စလိုကနေ ရန်ကုန်ပြောင်းသွားတဲ့အထိ ဘာမှမပြောပဲ ဒီအတိုင်း ငြိမ်နေလိုက်တာကတော့ DVB စုံကော် ဆိုတာဟာလဲ ဦးသိန်းစိန်အစိုးရကဖွဲ့ပေးထားတဲ့ စုံကော် တွေနဲ့ ဘာမှ မထူးခြားပဲ ဖြစ်သွားနိုင်ပါတယ်။ ပိုဆိုးတာက DVB မှာ ဘတ်ဂျက်မရှိလို့ဆိုပြီး ၀ါရင့်သတင်း ထောက်တွေကို အလုပ်ထုတ်လိုက်ပေမယ့် အဲဒီမရှိတဲ့ငွေထဲက ဒေါ်လာ ၃ သိန်းလာဘ်စားတယ်ဆိုတဲ့ လူတွေကိုတော့ ဘာမှအရေးယူ ဆောင်ရွက်ခြင်းမရှိပဲ ချန်ထားလိုက်တာဟာ ဦးသိန်းစိန်အစိုးရထက် DVB စုံကော် က ပိုဆိုးနေသလားဆိုပြီး မေးခွန်းထုတ်ဘွယ်ဖြစ်နေပါတယ်။ ။
............................................................................................
ဒေါ်လာ ၃ သိန်း လာဘ်စားမှုအကြောင်း ၂၀၁၂ ခုနှစ် ဇန်နာဝါရီလ ၂၀ ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ DVB-TV အင်တာဗျုး...။
ကြေညာချက် အမှတ် -၁- (DVB)
၃၀-၀၉-၂၀၁၁
စက်တင်ဘာ ၃၀-ရက်နေ့ DVB အရေးပေါ် သတင်းထုတ်ပြန်ချက်...
DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်..
အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်..
ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်..
Length: 8:24
...............................................................
Statement:
possible embezzlement of DVB funds thumbnail
By DVB
Published: 30 September 2011
1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.
2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.
3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.
4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.
5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.
6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.
Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.
(Harald Bockman)
Contacts:
1. Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.
2. Mr. Harn Yawnghwe, Acting Executive Director, Tel +32 475 75 3632.
............................................
ကြေညာချက် ၁။ Burma VJ.
.................
ကြေညာချက် ၂ DVB
၂၀-၀၁-၂၀၁၁
ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေးအလွဲသုံးစားမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Published on January 20, 2012 by ဒီဗွီဘီ ·
၁။ ဒီမိုကရက်တစ်မြန်မာ့အသံ ပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်သူများက လုပ်ငန်းအတွက် သတ်မှတ်ပေးထားသော အဖွဲ့အစည်းပိုင် ငွေများကို အလွဲသုံးစားပြုလုပ်နေကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ အုပ်ချုပ်ရေး တာဝန်ရှိသူများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူးတို့က အထောက်အထားအခိုင်အမာ တွေ့ရှိခဲ့သည်။ ငွေကြေးစီမံခန့်ခွဲရေး အပါအဝင် မြန်မာပြည်တွင်းသတင်းလုပ်ငန်းကို ဦးဆောင်တာဝန်ယူသူ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန0x081ဒ၊ ကိုမျိုးကြီး) နှင့် ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့နှစ်ဦးသည် မမှန်ကန်သော ငွေစာရင်းများတင်ပြကာ ပုဂ0x081ဂိုလ်ရေး အကျိုးစီးပွားအတွက် အဖွဲ့ပိုင်ငွေကြေးများကို မတရားရယူနေကြောင်း သက်သေ အထောက်အထားများအရ သိရသည်။ ထို့ကြောင့် ယမန်နှစ် စက်တင်ဘာလက ထိုငွေကြေးအလွဲသုံးစားမှုကို အုပ်ချုပ်ရေး တာဝန်ရှိသူများက ဘုတ်အဖွဲ့သို့တင်ပြခဲ့သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့က အဆိုပါ ငွေကြေးအလွဲသုံးစားမှုကို တာဝန်ယူ စုံစမ်းဖော်ထုတ်ခဲ့သည်။
ငွေကြးအလွဲသုံးစားလုပ်ပြီး ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဘန်ေကာက်မြို့ နေအိမ် |
၃။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှားရမ်းခဲ့သည်။ နော်ဝေး နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အခြေစိုက်သော PwC ရုံးခွဲများမှ စုံစမ်းစစ်ဆေးရေးမှူး ခြောက်ဦးသည် ယမန်နှစ် နိုဝင်ဘာလဆန်းမှစ၍ စုံစမ်းစစ်ဆေးခဲ့သည်။ အော်စလိုမြို့ ဒီမိုကရက်တစ်မြန်မာ့အသံ ရုံးချုပ်ရှိ ဝန်ထမ်းများကို ပထမမေးမြန်းပြီး ငွေစာရင်းများ၊ သက်သေ အထောက်အထားများကို စစ်ဆေးခဲ့သည်။ နော်ဝေး PwC ရုံးမှ စစ်ဆေးရေးမှူးနှစ်ဦးနှင့် ထိုင်းနိုင်ငံ PwC ရုံးမှ စစ်ဆေးရေးမှူး တဦးတို့က နိုဝင်ဘာလလယ်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း စုံစမ်းစစ်ဆေးခဲ့သည်။
၎။ ယခုအခါ PwC က 0x158င်းတို့စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက တွေ့ရှိချက်များထဲတွင် အောက်ပါအချက်များ ပါဝင်သည်။
(က) ဒီမိုကရက်တစ်မြန်မာ့အသံ၏ ပြည်တွင်း သတင်းလုပ်ငန်း ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီးကြပ်နေသော အော်စလိုအခြေစိုက် တာဝန်ခံ ဦးမျိုးမင်းနိုင် (အမည်ခွဲများ- ကိုနေထွန်း၊ ကိုနန0x081ဒ၊ ကိုမျိုးကြီး) နှင့် ပြည်တွင်းသတင်းလုပ်ငန်းအတွက် ငွေကြေးကို မဲဆောက်မှ ကြီးကြပ်သူ ဦးအောင်မျိုးကျော် (အမည်ခွဲများ- ပွကြီး၊ အရှည်လေး) တို့ နှစ်ဦးမှာ အလွဲသုံးစားလုပ်သူများ ဖြစ်ကြောင်း PwC အစီရင်ခံစာ က ထောက်ပြထားသည်။
(ခ) အလွဲသုံးစားလုပ်ခဲ့သည်ဟု PwC က အတည်ပြုသော ငွေပမာဏမှာ နော်ဝေးငွေ ကရောင်း ၂,၂၁၈,၁၄၁၊ (အမေရိကန်ဒေါ်လာ ၃၆၉,၀၇၅၊ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံးစား ပြုလုပ်ခံရသော ငွေများမှာ ပြည်တွင်းနှင့် မဲဆောက်ရုံးတာဝန်ကျ သတင်းထောက်နှင့် ဝန်ထမ်းများ၏ လစာငွေများ၊ ဖမ်းဆီးခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်များ၏ မိသားစုများအတွက် ပေးသော ထောက်ပံ့ငွေများ၊ ရုံးခန်းငှားခများနှင့် လုပ်ငန်း လည်ပတ်စရိတ်အတွက် သတ်မှတ်ပေးထားသော ငွေများဖြစ်သည်။
(ဂ) အလွဲသုံးစားလုပ်၍ စုဆောင်းရရှိသော ငွေများဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အိမ်များ၊ တိုက်ခန်းများ၊ မော်တော်ယာဉ်များ၊ မြေကွက်များ ဝယ်ယူထားသည့်အြပင် လောင်းကစားနှင့် အြခား စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။
(ဃ) အကျဉ်းထောင်အသီးသီးတွင် ထောင်ချခံခဲ့ရသည့် ဒီဗွီဘီ သတင်းထောက်များနှင့် မိသားဝင်များအတွက် ထောက်ပံ့ငွေများကိုအလည်း အလွဲသုံးစား လုပ်ခဲ့ကြသည်။
၅။ အလွဲသုံးစားငွေများထဲမှ ဘတ်ငွေ နှစ်သန်းခုနစ်သိန်းဖြင့် ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထားသော ဘန်ကောက်မြို့ရှိ အိမ်တလုံးကို ဒီမိုကရက်တစ်မြန်မာ့အသံက ပြန်လည်သိမ်းယူထားပြီးဖြစ်သည်။ ကျန်နေသေးသော အထက်ဖော်ပြပါ ပစ0x081စည်းများကို သိမ်းယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်။
၆။ စုံစမ်းစစ်ဆေးမှု စတင်ကတည်းက ဖော်ပြပါ အလွဲသုံးစား လုပ်သူများသည် သူတို့အပေါ် နိုင်ငံရေး လုပ်ကြံမှုဖြစ်ကြောင်း ကောလာဟလသတင်းများ လွှင့်ခဲ့သည်။ ပြည်တွင်းသတင်း ကွန်ရက်တွင် တာဝန်ထမ်းဆောင်နေသော သတင်းထောက်များနှင့် နိုင်ငံရေးအဖွဲ့များအြကား သတင်းမှားများ ဖြန့်ချိကာ ဒီမိုကရက်တစ်မြန်မာ့အသံ အကွဲအြပဲဖြစ်သယောင် လုပ်ဆောင်နေသည်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက်များ၏ စွန့်စားလုပ်ဆောင်ချက်များကို မှတ်တမ်းတင်ထားသည့် “Burma VJ” မှတ်တမ်းတင် ရုပ်ရှင်ကား အမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သော အဖွဲ့ကို တည်ထောင်ထားသည်။ ထို့အြပင် ဒီမိုကရက်တစ်မြန်မာ့အသံက ထုတ်ပေးထားသော ပစ0x081စည်းကိရိယာများ၊ ဒီမိုကရက်တစ်မြန်မာ့အသံ မူပိုင်ဖြစ်သော archive ဗွီဒီယို၊ ဓာတ်ပုံနှင့် အြခား အရေးကြီး သတင်းအချက်အလက်များကိုလည်း ပြန်လည်အပ်နှံခြင်းမရှိဘဲ သိမ်းယူထားဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ0x081စည်းများအား အလွဲသုံးစား လုပ်ထားခြင်းအပေါ် ဆက်လက် အရေးယူဆောင်ရွက်သွားမည်။
၇။ အခက်အခဲများစွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့အသံတွင် ဆက်လက် တာဝန်ထမ်းဆောင်နေသော ပြည်တွင်းသတင်းကွန်ရက်မှ သတင်းထောက်များအားလုံးကို ချီးကျူးဂုဏ်ပြုပါသည်။ အြဖစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပြန်လည်လက်တွဲလုပ်ကိုင်လိုသော ဒီဗွီဘီ သတင်းထောက်များအားလုံးကို ဖိတ်ခေါ်ပါသည်။၈။ ဘုတ်အဖွဲ့က ဦးအေးချမ်းနိုင်နှင့် ဦးခင်မောင်ဝင်းတို့ကို 0x158င်းတို့ယာယီနုတ်ထွက်ထားသော ရာထူးများဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးများတွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက အသီးသီး ပြန်လည်ခန့်အပ်ထားပြီး ဖြစ်သည်။
ဆက်သွယ်ရန်1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့ဥက0x081ကဋ0x081ဌ၊ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့အသံရှေ့နေ၊ ev@gmco.no, +47 92 88 67 79
3. ဦးအေးချမ်းနိုင်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ acn@dvb.no, +47 91107743
4. ဦးခင်မောင်ဝင်း၊ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး၊ kmw@dvb.no, +47 45276649ဇန်နဝါရီလ (၂၀) ရက်နေ့၊ ၂၀၁၂ ခုနှစ်။ အော်စလိုမြို့
......................................................................................................................................
ကြေငြာချက်အမှတ် -၂- (Burma VJ)
၂၄-၀၁-၂၀၁၂
ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်
ဇန်န၀ါရီလ ၂၄ ရက်၊၂၀၁၂
နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနသည် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၂၀ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။ထိုသတင်းထုတ်ပြန်ချက်ထဲတွင် ဘားမားဗီဂျေမီဒီယာ အား သိက္ခာကျစေမည့် အချက်အလက်များ ထည့်သွင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ ရှိရသည်။
ဒီဗီဘီ ၏ စွပ်စွဲချက်များသည် မှားယွင်းပြီး ၊ ကိုယ်ပိုင်မီဒီယာ အားကိုးဖြင့် မီဒီယာကျင့်ဝတ် ချိုးဖောက်ကာ အခြား မီဒီယာတစ်ခု အား နစ်နာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ် သည် မီဒီယာ အလွဲသုံးစားလုပ်မှုတစ်ခုဖြစ်ပြီး၊ တဖက် မီဒီယာတစ်ခုကို နစ်နာ အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဘားမားဗီဂျေမီဒီယာ မှ ယုံကြည်သည်။
(၁) ၂၀၀၆နှစ်ကုန်ပိုင်းမှစကာနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် DVB နှင့် ဘားမားဗီဂျေ အဖွဲ့ တို့ သည် ၂၀၁၁ စက်တင်ဘာလတွင် တရားဝင် လမ်းခွဲခဲ့ပြီးဖြစ်သည်။ ဘားမားဗီဂျေ ပြည်တွင်း နက်ဝက်မန်နေဂျာများနှင့် DVB ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်မျက်နှာချင်း ဆိုင်တွေ့ ဆုံ အကြေအလည် ဆွေးနွေးပြီးမှ ကျေနပ်ဖွယ်ရာ ကတိက၀တ်များကို ဒီဗီဘီ အနေဖြင့် မပေးနိုင်သဖြင့် ဆက်လက်ပြီး လက်တွဲလုပ်ရန် အခြေအနေမရှိတော့သဖြင့် အားလုံး သဘောတူ လမ်းခွဲ ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခွဲပြီးပြီးချင်း လျှင်ပင် ဒီဗီဘီ ၏ တောင်းဆိုမှုအရ ပြည်တွင်းနက်ဝက်၏ စီမံနိုင်မှု နယ်ပယ် အောက်တွင် ရှိသည့် ဒီဗီဘီ နှင့် သက်ဆိုင်သည့် ရုံးများ၊ ကွန်ပြူတာပစ္စည်းများ၊ကင်မရာများ၊ဗီဒီယို တိတ်များကို ချင်းမိုင်ရုံး တာဝန်ခံ ကိုတိုးဇော်လတ် ထံသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်တွင်းကိစ္စရပ် များကို ဒီဗီဘီ မှ ၂၀၁၁ သြဂုတ်လ မတိုင်မီကပင် တိုက်ရိုက် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည့် အတွက် ထိုကိစ္စအတွက်ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများ(ဥပမာ-ပစ္စည်းများအား ထိန်းသိမ်း ခြင်း)တို့ အတွက် တာဝန်ရှိသူမှာ ဒီဗီဘီ သာလျှင် ဖြစ်ပါသည်။
(၂)DVB နှင့်လမ်းခွဲပြီးနောက် ဘားမားဗီဂျေအဖွဲ့ အနာဂတ်အတွက် ကိုယ်ပိုင်အွန်လိုင်း မီဒီယာတစ်ခု တည်ထောင်ရန် အဖွဲ့ ဝင် များဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ကိုယ်ပိုင်မီဒီယာထောင်ရခြင်းရည်ရွယ်ချက် သည်မည်သူ့ ကိုမှ စင်ပြိုင်ထောင်ချင်း မဟုတ်ဘဲ ၊ပြည်တွင်းပြည်ပ သတင်းများကို ပရိသတ်များအချိန်နှင့် တစ်ပြေးညီပိုမိုသိရှိနိုင်စေရန်ဖြစ်သည်။DVB နှင့်ပြဿနာ ရှင်းရှင်းလင်းလင်းဖြစ် စေရန် ငွေကြေးကိစ္စ စွတ်စွဲခံထားရသည့် ကိုမျိုးမင်းနိုင်၊ကိုအောင်မျိုးကျော်တို့ နှစ်ဦးအား ပြဿနာ ဖြေရှင်းမပြီး မချင်း နက်ဝက်တာဝန်ခံများ အဖြစ်မှရပ်စဲထားရန်သဘောတူခဲ့သည်။ ၎င်းတို့ နှစ်ဦးနေရာတွင်နက်ဝက် စတင်တည် ထောင်ရာ မှာပါဝင်ခဲ့သည့် ကိုအောင်ကြီး(ခ)ကိုအောင်သွင်နှင့်၊ကိုအောင်ထွန်း(ခ)ကိုစံ တို့ က အစားထိုး ဆက်လက်ဦး ဆောင်ခဲ့ကြသည်။
(၃)DVB မှစွပ်စွဲနေသောငွေကြေးအရှုပ်အရှင်းကိစ္စသည် စွပ်စွဲသူDVB နှင့်စွပ်စွဲခံရသူကိုမျိုးမင်းနိုင်၊ ကိုအောင်မျိုးကျော်တို့  နှစ်ဘက်အကြားဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စသာဖြစ်ပြီး၊ လက်ရှိ ဘားမားဗီဂျေနက်ဝက်နှင့် လုံးဝပတ်သက်ခြင်းမရှိပါ။
(၄)DVB၏သတင်းထုတ်ပြန်ချက်ထဲတွင်Burma VJ မှတ်တမ်းရှပ်ရှင်ကားအမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သောအဖွဲ့ ကို တည်ထောင်ထားသည် ဟု ရေးသားထားသည်။ ထိုရေးသားချက်လုံးဝမမှန်ပါ။Burma VJ Network မှာလက်ရှိ ဦးဆောင်နေသူ ကိုအောင်ကြီး၊ ကိုအောင်ထွန်း အပါအ၀င် အခြားအဖွဲ့ သားများသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း ထောင်ကျခံ သက်စွန့် ဆံဖျား ဗီဒီယို ရိုက်ကူးခဲ့ကြသူများဖြစ်သည်။ထို ဗီဒီယိုအရုပ်များဖြင့်လည်း အော်စကာဆု ဆန်ကာတင် စာရင်းဝင် ဘားမားဗီဂျေ မှတ်တမ်း ရုပ်ရှင်ကားကို ဖန်တီး နိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့အရေးကို ကမ္ဘာက ပိုမိုသိရှိစေရန် ကူညီလုပ်ဆောင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဗီဒီယို ဂျာနယ်လစ် အဖြစ် ထဲထဲဝင်ဝင် ပါဝင်ပက်သက် သတင်းယူခဲ့သူ များ မှ ဘားမားဗီဂျေ အမည်အား အများအကျိုးအတွက် အသုံးပြုခြင်းကို ဒီဗီဘီ အနေ ဖြင့် ဝေဖန်ကန့် ကွက်ပိုင်ခွင့် မရှိပါ။
(၅) DVB နှင့်သက်ဆိုင်သည့် အသုံးပြုနိုင်သည့် မှတ်တမ်း ဗီဒီယို၊ဓါတ်ပုံနှင့် အခြားအရေးကြီး သတင်းအချက် အလက် များအား ပြန်လည် အပ်နှံထားပြီး ဖြစ်သဖြင့် ဘာမားဗီဂျေမီဒီယာ ၏ လက်ရှိ မှတ်တမ်းရုပ်ပုံများ၊သတင်းအချက်အလက်များမှာ နက်ဝက်ကိုယုံကြည်သဖြင့် ပေးပို့ လာသော သတင်းထောက် များနှင့် ပြည်သူ့ သတင်းထောက်များ၏ ထည့်ဝင်ကူညီမှုသာ ဖြစ်ပြီး ဒီဗီဘီ အနေဖြင့် သက်ဆိုင်နေသေးကြောင်း တစုံတရာ ပြောဆိုခွင့်မရှိပါ။ ဘားမားဗီဂျေ ၏ အင်တာနက် စာမျက်နှာ များတွင်လည်း ထို အရုပ်များကိုအကျိုးအမြတ် အတွက် မဟုတ်ဘဲ လွတ်လွတ်လပ်လပ် သုံးနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။
DVB ၏စွပ်စွဲထုတ်ပြန်ချက်များသည် စွပ်စွဲခံရသူများနှင့်သာ ပြစ်မှုကျုးလွန်ခြင်းရှိ/မရှိ ဥပဒေ အ ကြောင်းအရဆောင်ရွက်ရန်သာဖြစ်သည်။ပြစ်မှုကြောင်းအရဆိုပြီး သတင်းထုတ်ပြန်ချက်ထဲတွင် ဘားမား ဗီဂျေ မီဒီယာနာမည် ကို ထည့်သွင်းပုတ်ခတ် ပြောဆိုဖို့ မသင့်ပါ။ ထိုသို့ ပြောဆိုခြင်းသည် မီဒီယာအားကိုးဖြင့် အခြား မီဒီယာတစ်ခုက အသရေဖျက်ခြင်းသာဖြစ်သည်။ပြည်သူ့ ဝန်ထမ်း တီဗီ(PBS-Public Broadcast Service)အဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် ဆိုသည့် မီဒီယာကြီး တခုကို လိုသလို အသုံးချပြီး မိမိတို့ဝန်ထမ်းအချင်းချင်းပြန်လှန် မေးမြန်းကာ မီဒီယာ ငယ် တခုကို ရပ်တည်ခွင့် မရရန် ကြိုးပမ်းနေခြင်းသည် လွတ်လပ်ပွင့်လင်းလာမည့် မြန်မာ့ မီဒီယာ လောက အတွက်လည်း ရှေ့ နမိတ်မကောင်းနိုင်သလို မြန်မာစာနယ်ဇင်းလောက တွင်လည်း သမိုင်း အမည်းစက်ဖြစ်မည် ဖြစ်ပါသည်။
ထို့ ကြောင့် ဘားမားဗီဂျေမီဒီယာ နက်ဝက် ကို လည်းကောင်း၊ လက်ရှိ ဘားမားဗီဂျေ အဖွဲ့ ဝင် များကို လည်းကောင်း ထိခိုက်နစ်နာစေရန်၊ ဂုဏ်သတင်း ကျဆင်းစေရန် ရည်ရွယ် လုပ်ဆောင်နေသည့် လုပ်ရပ် အားလုံးကို ချက်ချင်းရပ်တန့် ရန် ဘားမားဗီဂျေ မီဒီယာ မှအပြင်းအထန် သတိ ပေးလိုက် သည်။ ဘားမားဗီဂျေမီဒီယာ အနေဖြင့် ဒီဗီဘီ ၏ အသရေ ဖျက်မှု နှင့် မီဒီယာကျင့်ဝတ် ချိုးဖောက်မှု များအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း နှင့် နိုင်ငံတကာ မီဒီယာများ မှ တဆင့် ထုတ်ဖော် ပြောဆိုခြင်း အပါအ၀င် သင့်တော်သောနည်းလမ်းများဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
ဘားမားဗီဂျေမီဒီယာနက်ဝက်(BurmaVJ Media Network)
အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုအောင်ကြီး(အင်္ဂလန်) +447760411510
ကိုအောင်ထွန်း (ထိုင်း) +66880113187
...............................................................................................................
မျိုးမင်းနိုင်။ ကိုနန္ဒ ခေါ် ကိုနေထွန်းရဲ့ တုန့်ပြန်ချက်
၂၆-၀၁-၂၀၁၂
..............
ဒီဗွီဘီလည်း ပြည်တွင်းဝင်ရောက်ရန်ကြိုးစားမည် Yangon Press International
ဇန်န၀ါရီ ၂၉၊ ၂၀၁၂
ဦးအေးချမ်းနိုင် |
ပြည်ပအခြေစိုက် မြန်မာမီဒီယာအချို့ ပြည်တွင်း၌ ရုံးခွဲ ဖွင့်လှစ်ခွင့်ရရန် ကြိုးစားနေသကဲ့သို့ လွတ်လပ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) လည်း မြန်မာပြည်၌ ရုံးခွဲဖွင့်ရန်အတွက် ပြည်တွင်းသို့ လာရောက်ကာ အခြေအနေ လေ့လာသွားမည်ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ဆိုသည်။
“ကျွန်တော်တို့ တစ်ယောက် နှစ်ယောက် အရင်ဝင်ကြည့်မယ်၊ စကားပြောကြည့်မယ်။ အဲဒီမှာ ရုံးခွဲဖွင့်လို့ ရမလား ဆိုတာမျိုးပေါ့၊ အဲဒီကနေမှ တဖြည်းဖြည်း အထဲမှာ ချဲ့သွားမယ်၊ အထဲမှာများများ ချဲ့နိုင်လေ အပြင်မှာ လျှော့လျှော့သွားလေ လုပ်မှာပါ ” ဟု လတ်တလောတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဦးအေးချမ်းနိုင်ကပြောသည်။
ယခုလက်ရှိ ၎င်းတို့ အနေဖြင့် မြန်မာပြည်သို့ လာရောက်နိုင်ဖို့ ဗီဇာလျှောက်ရန် စီစဉ်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ၀င်ရောက် လုပ်ကိုင်ရန်မှာမူ အစိုးရ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ကြောင်း ၎င်းက ဆိုသည်။
“အစိုးရနဲ့ ဘယ်လောက်ညှိလို့ရမလဲ။ ဘယ်လောက် ပြောင်းလဲမလဲ စတဲ့ အခြေအနေ အများကြီးအပေါ်မှာ မူတည်ပါတယ်၊ စီမံကိန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲကို တော့ ယေဘုယျ မှန်းထားတယ်၊ အခု လာမယ့် ဧပြီ ၁ရက်ကတော့ အဆုံးအဖြတ်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ဒီဗွီဘီအနေဖြင့် ပြည်တွင်း အခြေစိုက် မီဒီယာ အဖြစ် အကူးအပြောင်း ကာလရောက်လျှင်လည်း ပြည်ပ ထောက်ပံငွေများကို ဆက်လက် ရယူသွားရမည်ဖြစ်ပြီး နောက်ပိုင်းမှသာ Commercial (ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်ခြင်း) အဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဆိုင်ရာ မှီခိုမှုနှင့် ပတ်သက်ပြီး ပြောဆိုသွားသည်။
“အဓိက သွားမယ့် ပုံစံက သတင်းကို ဦးစားပေးတဲ့ ပုံစံနဲ့ပဲ သွားမယ်။ ရည်ရွယ်ချက်ကတော့ လူတွေအတွက် ၀န်ဆောင်မှုပေးဖို့ (Public service)ပဲ။ အမှီအခို ကင်းရမယ်(independent) ဖြစ်ရမယ်။ အမြတ်(profit) တစ်ခုတည်း မဟုတ်ဘူး။ လောလောဆယ်မှာတော့ အပြင်က ငွေကြေး အကူအညီ မပါလဲ သွားလို့ မဖြစ်ဘူး ” ဟု ဦးအေးချမ်းနိုင်က ဆိုသည်။
ယခုလက်ရှိ အနေအထားတွင် ဒီဗွီဘီသတင်းဋ္ဌာနမှာ နော်ဝေနိုင်ငံ၌ အခြေစိုက်ထားပြီး ထိုင်းနိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်ကာ ထိုင်းသတင်းထောက်နှင့် ပြည်တွင်း သတင်းထောက်များ ခန့်အပ်ကာ လုပ်ကိုင်လျက်ရှိသည်။
ယခုလောလောဆယ်တွင် ဒီဗွီဘီ သတင်းဋ္ဌာန လည်ပတ်မှု ကုန်ကျစရိတ်များကို အနောက်ဥရောပနိုင်ငံအချို့နှင့် နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်း အချို့က ထောက်ပံ့သည့် အကူအညီဖြင့် ရပ်တည်လျက်ရှိသည်။
ပြည်တွင်း၌ အခြေအနေများကို လေ့လာရာတွင်လည်း စာပေစိစစ်ရေး အခြေအနေများ၊ မီဒီယာဥပဒေ အစရှိသည်တို့ကို အဓိကထား လေ့လာသွားမည်ဖြစ်ပြီး၊ ပြည်တွင်းရှိဂျာနယ်၊ မဂ္ဂဇင်းများ၏ လုပ်ကိုင် ဆောင်ရွက်ပုံတို့ကို လည်း လေ့လာသွားမည် ဟု ဦးအေးချမ်းနိုင်ကပြောသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကာလ နှင့် ၂၀၀၈ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီး ကာလများတွင် ဒီဗွီဘီမှ ရုပ်သံ ထုတ်လွှင့်ချက်များကြောင့် နအဖ အစိုးရက လေလှိုင်းထဲမှ လူသတ်သမား၊ မိုးလုံးပြည့် မုသာဝါဒ အစရှိသည့် ကြွေးကြော်သံများကို နိုင်ငံပိုင် သတင်းစာများ၏ နောက်ကျောဖုံးတွင် နှစ်အတန်ကြာ ထည့်သွင်းဖေါ်ပြခဲ့ရာမှ ယမန်နှစ် စက်တင်ဘာလတွင် ထိုသို့ဖေါ်ပြခြင်းကို ရပ်ဆိုင်းခဲ့ကာ ယင်းသတင်းဋ္ဌာန ၀က်ဆိုက်အား ပိတ်ပင်ထားခြင်းမှလည်း ရပ်ဆိုင်းခဲ့သည်။
ဦးသိန်းစိန် အစိုးရသည် ယမန်နှစ်နှောင်းပိုင်းမှ စ၍ ပြည်ပ အခြေစိုက် မြန်မာမီဒီယာ ၀က်ဆိုက်များအား ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခဲ့သလို ယင်းသတင်းဋ္ဌာနများတွင် လုပ်ကိုင်လျက်ရှိသည့် မြန်မာ ၀န်ထမ်းများအား အခါအားလျော်စွာ ၀င်ရောက် သတင်းယူခွင့် ပေးခဲ့ရာ ဗွီအိုအေ၊ ဘီဘီစီ သတင်းဋ္ဌာနတို့မှ လွန်ခဲ့သည့်လများ အတွင်း လာရောက်ခဲ့ကြသည်။
ယမန်နှစ် ဒီဇင်ဘာလက ၀ါရှင်တန် အခြေစိုက် ဗွီအိုအေ မြန်မာဋ္ဌာန၏ ဋ္ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံသို့ လာရောက်ကာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီးနှင့် တွေ့ဆုံခဲ့ပြီး အလုပ်သဘော ဆွေးနွေးခဲ့ကြသည်။
ထိုစဉ်က ဗွီအိုအေ မြန်မာပိုင်း အနေဖြင့် ဋ္ဌာနေသတင်းထောက် ထားရှိရန် ခွင့်ပြုချက် မရရှိခဲ့သော်လည်း ပြည်တွင်း၌ သတင်း ရယူလိုသည့် ကိစ္စရပ်များ ရှိသည့်အခါ ဗီဇာလျှောက်ထားပါက ခွင့်ပြုသွားမည်ဟု ပြန်ကြားရေး ၀န်ကြီးက ပြောဆိုခဲ့သည်။
နယူးဒေလီ အခြေစိုက် မဇ္ဈိမ သတင်းဋ္ဌာန၏ ချင်းမိုင်ရုံးခွဲ တာဝန်ခံ ဦးစိန်ဝင်းလည်း ယခုလဆန်းပိုင်းက တကြိမ် လာရောက်ခဲ့သလို ယခုသီတင်းပတ်တွင် ဒုတိယအကြိမ် လာရောက်ပြီး ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ရန် အတွက် ကြိုးစားလျက်ရှိသည်ဟု သိရှိရသည်။ ။
....................................................................................................................
ဒီဗွီဘီ-ညွန်မှုး ရန်ကုန်ရောက်ပြီ-
၂၇-၀၂-၂၀၁၂
ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှုးနဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးအေးချမ်းနိုင်ဟာ ဒီကနေ့ တနလာင်္နေ့ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့ မနက်ပိုင်းကစပြီး မြန်မာနိုင်ငံ တရားဝင်ခရီးစတင်လိုက်ပါတယ်။
သူ့ရဲ့ ငါးရက်တာ မြန်မာပြည် ခရီးစဉ်အတွင်းမှာ မြန်မာအစိုးရ တာဝန်ရှိသူတချို့နဲ့လဲ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး မြန်မာပြည်တွင်း သတင်း မီဒီယာ ဖွံ့ဖြိုးမှုအခြေအနေကို လေ့လာစုံစမ်းမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်းက သတင်းမီဒီယာမျိုးစုံ။ အဖွဲ့အစည်း အစုအဖွဲ့ အလွှာအသီးသီးမှာ ဦးဆောင်လှုပ်ရှားနေသူတွေ နဲ့လဲ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ အနှစ်၂၀ကျော်ကာလအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ ဦး အေးချမ်းနိုင်ရဲ့ ပထမဆုံး မြန်မာပြည် တရားဝင်ခရီးစဉ်ဖြစ်ပါတယ်။
By: DVB TV News
ထက်အောင်ကျော်
တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၅၂)
Reviewed by သစ်ထူးလွင်
on
21:29
Rating: