မန္တလေး မတ် ၁၂
မန္တလေးမြို့သို့ ဘုရားဖူးလာကြသူများမှာ မန္တလေးတောင်ပေါ် မြွေကြီးနှစ် ကောင်ရုပ်တု အထိ သွားလေ့ရှိကြပြီး မတ်လအတွင်း မန္တလေးတောင်ပေါ်သို့ ဘုရားဖူးကား အများအပြားလာရောက်ကြရာ ဘုရားဖူးလာရောက်သောယာဉ်များ အနေဖြင့် ယာဉ်စည်းကမ်းများကို လိုက်နာသင့်ကြောင်း ဒေသခံများက အကြံ
ပြုပြောသည်။
ဘုရားဖူးကားများသည် တောင်ပေါ်သို့ ကားဖြင့်တက်လေ့ရှိပြီး တောင်ပေါ် တက်ကားများတွင် ဘုရားဖူးခရီးသည်အချို့မှာ ကားခေါင်းမိုးပေါ်တက်ခြင်း၊ ကားနောက်မြီးတွင် ထိုင်လိုက်ခြင်းများပြုလုပ်ကြရာ အန္တရာယ်ကိုဖိတ်ခေါ် နေသကဲ့သို့ဖြစ်နေကြောင်း ဒေသခံများကပြောသည်။
တောင်ပေါ်တက်ဘုရားဖူးကားများ အန္တရာယ်မဖြစ်စေရေး၊ ဘုရားဖူးသူများ စိတ်ချမ်းသာရေး အတွက် တောင်ပေါ်တက်စဉ် ကားခေါင်မိုးပေါ်မှ စီးခြင်းများကို တာဝန်ရှိသူများမှ ကြပ်မတ်ပေး သင့်ကြောင်း၊ သို့မှသာ ဘုရားဖူးလာပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းမည်ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
တိမ်တမန်
The Mirror Daily
https://www.facebook.com/TheMirrorDaily
မန်းတောင်ပေါ်တက် ဘုရားဖူးယာဉ်များ စည်းကမ်း လိုက်နာသင့်ကြောင်း ဒေသခံများ အကြံပြု
Reviewed by သစ်ထူးလွင်
on
05:34
Rating: