နေပြည်တော် မတ် ၂၉
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင် ညိုလမ်းမကြီးတွင် မော်တော်ဆိုင် ကယ် တိုက်မှုဖြစ်ပွားရာ စိုးရိမ်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ က ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် နယ်မြေ (၁ဝ) ပျဉ်းမနား-တောင်ညို လမ်းမကြီး ဇီဇဝါပန်းဝိုင်းအနီးတွင် ဇီဇဝါ ပန်းဝိုင်းဘက်မှ ပျဉ်းမနားဘက်သို့ ယာဉ်မောင်း မချိုဇင်ထွန်း(၄၁နှစ်) တိုက် (A-403) စည်ပင်ဝန်ထမ်း အိမ်ရာနေသူ မောင်းနှင်လာသည့် 6E/---- ယာဉ်အမျိုးအစား KLU - GER အနက်ရောင်နှင့် လားရာတူ မောင်းနှင်လာသည့် ယာဉ်မောင်း ဒေါ်ဇင်မာထွန်း (၃၆နှစ်) နေပြည် တော် ထွေ/အုပ်ဝန်ထမ်း တိုက် ၂ဝ၄ အခန်း (၃၂ ) နေပြည်တော် ကောင်စီ ဝန်ထမ်းအိမ်ရာနေသူ မောင်းနှင်ပြီး နောက်မှ ဒေါ်သီဗင်း (၄၃နှစ်) ဌာနခွဲ စာရေး၊ နေပြည်တော် ထွေ/အုပ် တိုက် ၂ဝ၆ အခန်း (၄) နေပြည်တော်ကောင်စီ ဝန်ထမ်းအိမ်ရာနေသူ စီးနင်းလိုက်ပါလာသည့် ၁၇ယ/--- စူပါကပ် (အစိမ်းပုပ် ရောင်) ဆိုင်ကယ်တို့ တိုက်မိခဲ့ရာ ဒေါ်ဇင်မာထွန်းတွင် ဒဏ်ရာ (မစိုးရိမ် ရ) နှင့် ဒေါ်သီဗင်းတွင် ဒဏ်ရာ (စိုးရိမ်ရ) အသီးသီးရရှိပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူ နေစဉ် ဒေါ်သီဗင်းမှာ ညနေ ၄ နာရီခွဲ တွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နေပြည်တော်ယာဉ်မှုစစ်ဌာနမှ ရဲအုပ် အောင်မျိုးဆွေက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပျဉ်းမနား-တောင်ညို လမ်းမကြီး ဇီဇ၀ါပန်းဝိုင်း အနီးတွင် ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်
Reviewed by သစ်ထူးလွင်
on
05:44
Rating: