ရဟတ်ယာဉ်ပျက်ကျသော်လည်း သေကံမရောက်သည့် (၅) ရက်သားကလေးငယ်


ဘဲဂရိတ် မတ် ၁၄

ဆားဘီးယားနိုင်ငံ မြို့တော်ဘဲဂရိတ်တွင် နေထိုင်မကောင်းသော ၅ ရက်သား ကလေးငယ်တစ်ဦးအား ဆေးရုံသို့ပို့ဆောင်ရန် သယ်ဆောင် လာသော စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စင်းသည် ဘဲဂရိတ်မြို့ နိုင်ငံတကာလေယာဉ်ကွင်းအနီး ဆီးနှင်း ထူထူကြားတွင် ပျက်ကျခဲ့ရာ ရဟတ် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းခဲ့သူ ခုနစ်ဦး သေဆုံးခဲ့ပြီး အဆိုပါကလေး ငယ်မှာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

¤င်းကလေးငယ်ကို ဆေးကုသမှု ခံယူရန် အရေးပေါ်ကားတစ်စီးက ဆေးရုံသို့ ဆက်လက်ခေါ်ဆောင်သွား စဉ် လမ်းခုလတ်တစ်နေရာတွင် မြေပြို ကျမှုများ ဖြစ်ပွားခဲ့သဖြင့် အမ်အိုင်- ၁၇ ပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်း က ကလေးငယ်အား ထပ်မံခေါ်ဆောင် သွားခဲ့သည်။ ကယ်ဆယ်ရေးလုပ်သား လေးဦးနှင့် ကျန်းမာရေးဝန်ထမ်း နှစ်ဦးလိုက်ပါလာသော ပို့ဆောင် ရေးရဟတ်ယာဉ်သည် လောင်စာဆီ ကုန်ခန်းသွားသဖြင့် ဘဲဂရိတ်မြို့ လေဆိပ်အနီးတွင် အရေးပေါ်ဆင်းသက်စဉ် အဆက်အသွယ်ပြတ် တောက်သွားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက ပို့ဆောင်ရေးရဟတ် ယာဉ်သည် ဘဲဂရိတ်မြို့၏ ဘောလုံး ကွင်းတစ်ခုတွင် ဆင်းသက်နိုင်ခဲ့သည် ဟု ဆိုသည်။

စကိုင်းနယူးစ်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရဟတ်ယာဉ်ပျက်ကျသော်လည်း သေကံမရောက်သည့် (၅) ရက်သားကလေးငယ် ရဟတ်ယာဉ်ပျက်ကျသော်လည်း သေကံမရောက်သည့် (၅) ရက်သားကလေးငယ် Reviewed by သစ်ထူးလွင် on 03:17 Rating: 5
Powered by Blogger.