ယီမင်မှာ ဆော်ဒီက လေကြောင်းကနေ တိုက်ခိုက်


ရှီယာ ဟူသီ သူပုန်တွေကို ဆော်ဒီ အာရေဗျားက ယီမင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန်ရှိ ဆော်ဒီ သံအမတ်က ပြောပါတယ်။

သမ္မတ Abdrabbuh Mansour Hadi ရဲ့ တရားဝင် အစိုးရကို ကာကွယ်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာဖြစ်တယ်လို့ ဆော်ဒီသံအမတ် Adel al-Jubeir က ပြောပါတယ်။

ဟူသီသူပုန်တွေနဲ့ ပူးပေါင်းတပ်တွေ ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားပြီးနောက် အေဒင် လေတပ်စခန်းကို ကြာသပတေးနေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သမ္မတ Hadi ရဲ့ သစ္စာခံ တပ်ဖွဲ့တွေက ပြောပါတယ်။

ဟူသီ သူပုန်တွေက ယခုလများအတွင်း တိုက်ပွဲများ တိုးမြှင့်လုပ်ဆောင်လာပြီး သမ္မတ Hadi ကို မြို့တော် Sanaa ကနေ ထွက်ခွာစေခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ယီမင်မှာ ဆော်ဒီက လေကြောင်းကနေ တိုက်ခိုက် ယီမင်မှာ ဆော်ဒီက လေကြောင်းကနေ တိုက်ခိုက် Reviewed by သစ်ထူးလွင် on 19:55 Rating: 5
Powered by Blogger.