၃၉ နှစ်ကြာ အကျဉ်းကျခဲ့သူအား အပြစ်မရှိကြောင်း တွေ့ရှိသဖြင့် ဒေါ်လာ ၁ သန်း လျော်ကြေးပေးမည်


အိုဟိုင်းယိုး မတ် ၂၁

လူသတ်မှုဖြင့် ၃၉ နှစ်ကြာ အကျဉ်းကျခံရပြီးနောက် အပြစ်မရှိ ကြောင်း တွေ့ရှိသဖြင့် ယမန်နှစ်က ပြန်လည်လွတ်မြောက်လာ ခဲ့သူတစ်ဦး အား တရားရုံးက လျော်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အသက် (၅၈) နှစ်အရွယ် ရစ်ကီ ဂျက်ဆင်သည် အမေရိကန်ထောင်၏ အကျဉ်းကျနှစ်ကြီးသမားတစ်ဦး ဖြစ်သည်။

''လျော်ကြေးရမယ်ဆိုတာ သိရတော့ အရမ်းဝမ်းသာသွားတယ်'' ဟုရစ်ကီဂျက်ဆင်က မီဒီယာများကို ပြောသည်။

၁၉၇၅ခုနှစ်တွင် အိုဟိုင်းယိုးပြည် နယ်မြို့တော်ကလီဗီးလန်းတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဂျက် ဆင်နှင့် အခြားနှစ်ဦးကို တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။ ဂျက်ဆင်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သော်လည်း တရားရုံးက အသက် (၁၃) နှစ်အရွယ်လူငယ်တစ်ဦး၏သက်သေအဖြစ် ထွက်ဆိုချက်ကိုသာ အလေးထားပြီး ဂျက်ဆင်နှင့် အပေါင်းအပါနှစ်ဦးအား အမိန့်ချမှတ်ခဲ့သည်။

နှစ်အတော်ကြာသည့်အခါတွင် မျက်မြင်သက်သေအဖြစ် ထွက်ဆိုချက်ပေးသော အဆိုပါလူငယ်သည် မှုခင်းနှင့်ပတ်သက်ပြီး ဘာကိုမျှမျက် မြင်တွေ့ရှိခဲ့ခြင်း မရှိကြောင်းနှင့် တရားရုံးတွင် ထွက်ဆိုခဲ့သမျှသည် လိမ်လည်ထွက်ဆိုခြင်းသာ ဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ ဂျက်ဆင် နှင့် ပတ်သက်သည့် ပြစ်မှုဆိုင်ရာ မည်သည့်အထောက်အထားမျှမတွေ့ ရှိခဲ့ပေ။

၁၉၇၅ ခုနှစ်က မဟုတ်မမှန်ထွက် ဆိုခဲ့သည့် သက်သေအထောက် အထားများကြောင့် လူသတ်မှုဖြင့် စွပ်စွဲခြင်းခံထားရသည့် ဂျက်ဆင်နှင့် အပေါင်းပါနှစ်ဦးတို့ကို တရားသူ ကြီးက ယမန်နှစ် နိုဝင်ဘာလတွင် တရားသေလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

အိုဟိုင်းယိုးပြည်နယ်တရားရုံးက ဂျက်ဆင်အား ဒေါ်လာ ၁ သန်းနီးပါး လျော်ကြေးငွေအဖြစ် ပေးအပ်လိမ့် မည်ဖြစ်သည်။ အခြားနှစ်ဦးတို့သည် ယခုထိတိုင် မည်သည့်လျော်ကြေးငွေမျှ မရရှိသေးကြောင်း သိရသည်။

စကိုင်းနယူးစ်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
၃၉ နှစ်ကြာ အကျဉ်းကျခဲ့သူအား အပြစ်မရှိကြောင်း တွေ့ရှိသဖြင့် ဒေါ်လာ ၁ သန်း လျော်ကြေးပေးမည် ၃၉ နှစ်ကြာ အကျဉ်းကျခဲ့သူအား အပြစ်မရှိကြောင်း တွေ့ရှိသဖြင့် ဒေါ်လာ ၁ သန်း လျော်ကြေးပေးမည် Reviewed by သစ်ထူးလွင် on 03:14 Rating: 5
Powered by Blogger.