အဘူဂျာ မတ် ၂၁
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ အစွန်းရောက်စစ်သွေးကြွလက်နက် ကိုင်အဖွဲ့ ဘိုကိုဟာရမ်သိမ်းပိုက်ထား သည့်ဒမာဆက်မြို့အတွင်း ဒေသခံ ၇ဝ ကျော်သေဆုံးနေကြောင်း နိုင်ဂျီးရီးယား စစ်တပ်က ယနေ့အတည်ပြုပြောကြား သည်။
အဆိုပါမြို့ကို အစောပိုင်းတွင် ဘိုကို ဟာရမ်အဖွဲ့က သိမ်းပိုက်ထားပြီး တိုက်ပွဲ များဖြစ်ပွားကာ ၄င်းတို့ဆုတ်ခွာသွား သည့်နောက် မြို့ထဲတွင် အလောင်းများ ကျန်ခဲ့ကြောင်းနှင့် သေဆုံးနေသူများက မတော်တဆထိခိုက်သေဆုံးခဲ့ခြင်းမျိုး မဟုတ်ဘဲ အသတ်ခံထားရသူများဖြစ် ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က သတင်း ထုတ်ပြန်ထားသည်။
အချို့သောအလောင်း များကို မပုပ်မသိုးအောင် စီမံထားသည့် ပုံစံမျိုးဖြင့် တွေ့ရသည်ဟုလည်း သတင်း ထုတ်ပြန်ထားသည်။ ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့ကို နိုင်ဂျီးရီးယားစစ်တပ်နှင့် အာဖရိကမဟာ မိတ်စစ်တပ်များက ပူးပေါင်းတိုက်ခိုက်နေ ပြီးတစ်လအတွင်း အပြတ်ချေမှုန်းမည်ဟု နိုင်ဂျီးရီးယားသမ္မတ ဂွတ်လက်ဂျွန်နသန်က ပြောထားသည်။
တစ်ရက်ထက်တစ်ရက် ဘိုကိုဟာရမ်အဖွဲ့အင်အားချည့်နဲ့လာပြီဟု လည်းသမ္မတကပြောသည်။ ယခုအလောင်း ၇ဝ ကျော်တွေ့ရသည့် ဒမာဆက်မြို့သည် နယ်စပ်ဒေသ ဘောနိုပြည်နယ်ရှိကုန်သွယ် ရေးမြို့တစ်မြို့ဖြစ်သည်။
အဓိကမြို့တော် မိုင်ဒူဂူရီနှင့် မိုင် ၁၂ဝ ဝေးသည်။ ဘိုကို ဟာရမ်အဖွဲ့သည် ၂ဝဝ၂ ခုနှစ်တွင် အနောက်တိုင်းပညာရေးကို ဆန့်ကျင် သည့်အဖွဲ့အစည်းတစ်ခုအဖြစ် စတင်ခဲ့ ရာမှ ၂ဝဝ၉ ခုနှစ်တွင် အစ္စလာမ္မစ်နိုင်ငံ တော်တည်ထောင်ရန် ရည်ရွယ်ချက်သို့ ပြောင်းလဲသွားကာ စတင်လက်နက်ကိုင် တိုက်ခိုက်ခဲ့သည်။
ဘိုကိုဟာရမ်အဖွဲ့ သည် ကုလသမဂ္ဂရုံးစိုက်ရာ အဘူဂျာ မြို့နှင့် ပတ်ဝန်းကျင်နိုင်ငံများကိုပါတိုက် ခိုက်ခဲ့သည်။ ထို့အပြင် ကျောင်းသူများ ကိုပြန်ပေးဆွဲကာစစ်သားများနှင့်ပေးစား ပြီးအစ္စလာမ်ဘာသာသို့ အလိုမတူဘဲကူး ပြောင်းစေခဲ့သည်။ T 1 P (Ref : Daily mail)
The Union Daily
http://uniondaily.net/News/DetailView.aspx…
ဘိုကိုဟာရမ်သိမ်းပိုက်ထားသည့်မြို့တွင် လူ၇ဝကျော်သေဆုံးနေ
Reviewed by သစ်ထူးလွင်
on
18:22
Rating:
