ကော့သောင်း-ဘုတ်ပြင်း ခရီးသည်တင် မှန်လုံယာဉ် လမ်းဘေး ချောက်အတွင်း ထိုးကျ


ခမောက်ကြီး မတ် ၂၂

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့ နယ် ကော့သောင်း- ဘုတ်ပြင်းလမ်း မိုင်တိုင် အမှတ်(၄၉)အနီးတွင် မတ် ၁၉ ရက် ည ၈ နာရီက ကော့သောင်း-ဘုတ်ပြင်း ခရီးသည်တင်မှန်လုံ ယာဉ် လမ်းဘေးချောက်အတွင်း ထိုးကျမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့မှ ဘုတ်ပြင်းမြို့သို့ ထွက်ခွာလာသည့် ယာဉ်မောင်း ဦးမျိုး(ခ) မျိုးဇော်ဦး မောင်းနှင်၍ ခရီးသည် ၂၁ ဦး တင်ဆောင်လာသည့် အောင်စည်မင်း ခရီးသည်တင်မှန်လုံမော်တော်ယာဉ်သည် ကော့သောင်း-ဘုတ်ပြင်းလမ်း မိုင်တိုင် အမှတ်(၄၉)အနီး ကုန်းဆင်း တစ်ခုတွင် ဝဲဘက်ရှေ့ဘီးပေါက် ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်းသို့ ထိုးကျခြင်းဖြစ် သည်။

အဆိုပါ ဖြစ်စဉ်တွင် ယာဉ်မောင်း ဦးမျိုး(ခ)မျိုးဇော်ဦးမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး ယာဉ်နောက် လိုက် ကိုသားပု(ခ) ပုံးလုံးသည် ယာဉ်နောက်ဘီးဖြင့် ကြိတ်မိကာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် ၂၁ ဦးအနက် ရဟန်းတစ်ပါးဒဏ်ရာရ ရှိခဲ့သည်။ ကျန်ခရီးသည်များ အနည်းငယ်မျှ ထိခိုက်ဒဏ်ရာရရှိသည်မှလွဲ၍ စိုးရိမ်ရဖွယ်မရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ နယ်မြေခံ တပ်မှ စစ်သည်များ၊ ခမောက်ကြီးမြို့ ရဲတပ်ဖွဲ့နှင့် မြို့အုပ်ချုပ်ရေးအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ ရောက်ရှိပြီး ဒဏ်ရာရခရီးသည်များကို တပ်မတော်မော်တော်ယာဉ် များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးကြသည်။

ထွက်ပြေး တိမ်းရှောင်နေသည့် ယာဉ်မောင်း ဦးမျိုး(ခ) မျိုးဇော်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ကော့သောင်း-ဘုတ်ပြင်း ခရီးသည်တင် မှန်လုံယာဉ် လမ်းဘေး ချောက်အတွင်း ထိုးကျ ကော့သောင်း-ဘုတ်ပြင်း ခရီးသည်တင် မှန်လုံယာဉ် လမ်းဘေး ချောက်အတွင်း ထိုးကျ Reviewed by သစ်ထူးလွင် on 05:47 Rating: 5
Powered by Blogger.