အောင်တံခွန် သင်္ဘောက ၁၆၉ ဦး ကယ်တင် နိုင် |
မတ်လ ၂၄ ရက်က ရခိုင်ပြည်နယ် လွှတ်တော် က အောင်တံခွန် သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက် ပြီး အဖွဲ့ ၄ ဖွဲ့ခွဲ ကာ စုံစမ်းရေး ကော်မရှင် တခု ဖွဲ့စည်းခဲ့ပါတယ်။
အခု စုံစမ်းရေး ကော်မရှင် အနေနဲ့ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြေပုံ နဲ့ စစ်တွေ က ဒေသခံထိ သွားရောက်ပြီး စုံစမ်း မေးမြန်းမှုတွေ ပြုလုပ် သွားမယ် လို့ ဆိုပါတယ်။
မတ်လ ၁၃ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ အောင်တံခွန် သင်္ဘော နစ်မြုပ်မှုမှာ လူပေါင်း ၇ဝ နီးပါးခန့် သေဆုံး ခဲ့ပြီး ၁၆၉ ဦးကို ကယ်တင် နိုင်ခဲ့ပါတယ်။
သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်လာပေမယ့် ဒေသခံတွေ အကြား မကျေနပ်မှု တွေနဲ့ ဝေဖန်မှုတွေ အခု အချိန်ထိ တိုးပွား နေတဲ့ အတွက် ပြည်နယ် လွှတ်တော် ကနေ ရခိုင်ပြည်သူတွေ လက်ခံနိုင်တဲ့ အစီရင်ခံစာ တခု ထုတ်ပြန်လိုတဲ့ အတွက် ခုလို နောက်ထပ်ကော်မရှင် ထပ်ဖွဲ့တာလို့ ဝေဖန် နေကြ ပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese
ရခိုင်သင်္ဘော မြုပ်မှု စုံစမ်းရေး ကော်မတီ ထပ်ဖွဲ့
Reviewed by သစ်ထူးလွင်
on
08:19
Rating: