ပြင်သစ်တွင် အမေရိကန်ဒေါ်လာ ၉ သန်းခွဲတန်ဖိုးရှိ ရတနာများ ဓားပြတိုက်ခံရ

ဓာတ်ပုံ - အေအက်ဖ်ပီ
ပြင်သစ်နိုင်ငံ အလယ်ပိုင်းက အဗာလ်လွန်း(Avallon)မြို့အနီး အဝေးပြေး ကားလမ်း တနေရာ မတ် ၁၀ ရက်နေ့ညက အမေရိကန်ဒေါ်လာ ၉ သန်းခွဲဖိုး စိန်ရွှေရတနာတွေ ဓားပြတိုက်ခံရလို့ ပြင်သစ်ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းဖော်ထုတ်နေကြပါတယ်။

နိုင်ငံအရှေ့ပိုင်းက ဘီဆန်ကွန်မြို့ကနေ ပါရီမြို့တော်ကို ရတနာတွေ တင်ဆောင်လာရင်း လုံခြုံရေးကားတန်းကို မျက်နှာဖုံးဝတ်လက်နက်ကိုင် ၁၅ ယောက်လောက်က ဓားပြ တိုက်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ယာဉ်မောင်းတွေကို ဘာအန္တရာယ်မှ မပေးခဲ့ပေမယ့် သယ်ဆောင်လာတဲ့ကားတွေကိုတော့ တနေရာမှာ မီးရှုံ့ပြီးထားခဲ့ကြပါတယ်။ လက်နက်ကိုင်တွေဟာ ပါရီမြို့တော်ဖက်ကို ကား ၄ စီးနဲ့ ထွက်ပြေးကြတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဖိုးတန်လက်ဝတ်ရတနာတွေ အခုလို ဓားပြတိုက်ခံရတာတွေနဲ့ အခိုးခံရတာတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဇူလိုင်လက ကိန်းမြို့မှာ အမေရိကန်ဒေါ်လာ ၁၃၆ သန်းဖိုး အဖိုးတန် လက်ဝတ်ရတနာတွေ ဓားပြအတိုက်ခံခဲ့ရပါသေးတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
ပြင်သစ်တွင် အမေရိကန်ဒေါ်လာ ၉ သန်းခွဲတန်ဖိုးရှိ ရတနာများ ဓားပြတိုက်ခံရ ပြင်သစ်တွင် အမေရိကန်ဒေါ်လာ ၉ သန်းခွဲတန်ဖိုးရှိ ရတနာများ ဓားပြတိုက်ခံရ Reviewed by သစ်ထူးလွင် on 19:13 Rating: 5
Powered by Blogger.