![]() |
ဓါတ်ပုံ- RCSS နှင့် KPC တို့ သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက် လက်မှတ်ရေးထိုးနေစဉ် (ဓါတ်ပုံ- Nyo Ohn Myint facebook) |
သမ္မတဦးသိန်းစိန် ဖိတ်ကြား ချက်အရ ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်နေသော တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်များ အနက် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA တို့ က သမ္မတ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိပြုချက် လက်မှတ်ရေးထိုး လိုက်သည်။
ဖေဖေါ်ဝါရီ ၁၂ ရက် ၂၀၁၅ ပြည်ထောင်စုနေ့ အခမ်းအနား ချီတက်ပွဲအပြီး နံနက် ၁၀ နာရီမှ မွန်းလွဲ ပိုင်းအထိ ကျင်းပသည့် ငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွင်သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ကရင်အမျိုးသား အစည်း အရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KPC ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တို့၏ ခေါင်းဆောင် ကိုယ်စားလှယ်တို့က လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
အစိုးရဘက်ကမူ သမ္မတ အပြင် ဒုတိယ သမ္မတ ပြည်ထောင်စု လွှတ်တော် ဉက္ကဌ သူရဦးရွှေမန်း နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ က ပုဂ္ဂိုလ်များ အပါအဝင် ကျားဖြူပါတီ ဉက္ကဌ သျှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဝင်ကြီး ဦးစိုင်းအိုက်ပေါင်းအပြင် တိုင်းရင်းသားရေးရာဝန်ကြီးအချို့ လည်းပါဝင်လက်မှတ်ရေးထိုးကြသည်။
“အမြဲတမ်းဖွင့်ပေးထားတယ်။ ထိုးချင်တဲ့အချိန် လက်မှတ်လာထိုးနိုင်ဖို့ပေါ့” - လက်မှတ်မထိုးလိုသေး သည့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ အရာရှိကြီးတဦးက ပြောသည်။
ငြိမ်းချမ်းရေး နှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာကတိပြုချက်တွင် အချက် ၅ ချက်ရှိသည်။ ၎င်းတို့မှာ ဒို့တာဝန်အရေးသုံးပါး အတွက် ရှေးရှု လျက် နိုင်ငံရေးဆွေးနွေးပွဲရလဒ် နှင့် အညီ ပြည်ထောင်စုတည်ဆောက်ရန်၊ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲနိုင်ရန်၊ လက်နက်ကိုင် ပဋိပက္ခအဆုံးသတ် ၍ နိုင်ငံရေးဆွေးနွေးပွဲအလျင်အမြန် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင် ရွက်ရန်၊ ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ရန် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ် ကာလအတွင်း ငြိမ်းချမ်းရေးထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် စသည်တို့ ပါရှိပါသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
RCSS နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကတိပြု လက်မှတ်ထိုး
Reviewed by သစ်ထူးလွင်
on
18:15
Rating:
