အီရတ်မြောက်ပိုင်းတိုက်ပွဲများတွင် ISIS အကြမ်းဖက်သမား ၆၀ ကျော်ကျဆုံး


အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ညလုံးပေါက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင် အိုင်စစ် ၆၀ကျော် သေဆုံးခဲ့ကြောင်း ကာ့ဒစ်ရှ် တာဝန်ရှိသူများက ပြောသည်။

သေနကဗျုဟာမြောက်အရေးပါသော ဆူလ်တန်အဗ္ဗဒူလာရွာကို အိုင်စစ်အစွန်းရောက်များက ပစ်မှတ်ထား၍ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြသည်။ အမေရိကန်က စစ်သားအင်အား ၂သောင်းခွဲခန့်ဖြင့် ရက်သတ္တပတ် ၆ပတ်အတွင်း မိုဆူးလ်မြို့ကိုသိမ်းပိုက်မည့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်ပိုင်း ယခုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အိုင်စစ်တို့က မိုဆူးလ်မြို့ကို ယမန်နှစ် ဇွန်လလောက်ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်သည်။

အီရတ်ပက်ရှ်မာဂါတပ်ဖွဲ့ဝင်များက ဆူလ်တန်အဗ္ဗဒူလာရွာမှ ၎င်းတို့၏ဌာနချုပ်အနီးတွင် အိုင်စစ်တို့၏အလောင်းများကို အမိုးပွင့်ကားပေါ်သို့ စုပုံတင်နေသည်ကို တွေ့မြင်ရသည်။

အိုင်စစ် စစ်သွေးကြွများနှင့် ပက်ရှ်မာဂါတပ်များသည် ပြီးခဲ့သည့် ၃ရက်အတွင် ၂ကြိမ်တိတိ ထိတွေ့မှုများဖြစ်ပွားခဲ့ကြောင်း၊ ၂ကြိမ်လုံးတွင် အနည်းဆုံး ဂျီဟတ်ဝါဒီ ၆၀ခန့် သေဆုံးခဲ့ကြောင်း ကာဒ္ဒစတန်ဒီမိုကရက်တစ်ပါတီ၏ပြောခွင့်ရသူက ပြောသည်။ ယမန်နေ့ညကဖြစ်ပွားသောတိုက်ပွဲတခုတည်းတွင်ပင် အိုင်စစ် ၅၀ခန့် ကျဆုံးခဲ့ကြောင်း ပါတီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“အိုင်စစ်တွေ ကျွန်တော်တို့တပ်စခန်းကို ၀င်တိုက်တာ ဒါ ၈ကြိမ်မြောက်ဖြစ်ပြီး တကြိမ်ထက်တကြိမ် သူတို့ ပိုအထိနာ သွားတယ်” ဟု ၎င်းက ပြောသည်။

Ref;Dailymail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အီရတ်မြောက်ပိုင်းတိုက်ပွဲများတွင် ISIS အကြမ်းဖက်သမား ၆၀ ကျော်ကျဆုံး အီရတ်မြောက်ပိုင်းတိုက်ပွဲများတွင် ISIS အကြမ်းဖက်သမား ၆၀ ကျော်ကျဆုံး Reviewed by သစ်ထူးလွင် on 16:50 Rating: 5
Powered by Blogger.