IS အဖွဲ့ဝင်တွေက ပြတိုက်က ရှေးဟောင်းရုပ်ထုတွေကို ဖျက်ဆီးနေတယ်လို့ဆို (Credit: Reuters) |
အဲဒီ ဗီဒီယိုမှာ ပြသချက်အရ Mosul မြို့က ပြတိုက်လို့ ယူဆရတဲ့နေရာက ရှေးဟောင်း ရုပ်ထုတွေကို ထုခွဲနေတဲ့ ပုံကို ပြသထားပါတယ်။
ပညာရှင်တွေရဲ့ အဆိုအရ အဲဒီ အနုပညာလက်ရာတွေဟာ အဖိုးမဖြတ်နိုင်တဲ့ လက်ရာတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ရာတွေရဲ့ ကော်ပီတွေကိုသာ ပြသထားတာတွေရှိပြီး အစစ်တွေကိုတော့ တခြားနေရာမှာ ထိန်းသိမ်းထားတာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလိုဖျက်ဆီးတာဟာ ရိုးရာ ယဉ်ကျေးမှုအပေါ် အကြမ်းဖက်ရာ ရောက်တယ်လို့လည်း ပြောဆိုနေကြပါတယ်။
ဗီဒီယိုထဲမှာ ပါဝင်တဲ့ IS အဖွဲ့ဝင်က အဲဒီရုပ်ထုတွေဟာ ကိုးကွယ်စရာ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ရှေးဟောင်းအနုပညာလက်ရာတွေကို IS အဖွဲ့က ဖျက်ဆီးတာတွေ၊ တချို့ကို မှောင်ခို ဈေးကွက်ထဲ ရောင်းချနေတာတွေကြောင့် အဲဒီအပေါ်မှာလည်း စောင့်ကြည့်မှုတွေ လုပ်နေကြပါတယ်။
တချိန်တည်းမှာပဲ IS အဖွဲ့က တနင်္လာနေ့တုန်းကပဲ ခရစ်ယာန်အယောက်ပေါင်း ၂၀၀ ကျော် ဖမ်းဆီးခဲ့တဲ့ ဒေသမှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာတပ်က ဝေဟင်ကနေ တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-27/1419603
အီရတ် ပြတိုက်က ရှေးဟောင်းရုပ်ထုကို IS ဖျက်ဆီး
Reviewed by သစ်ထူးလွင်
on
16:56
Rating: