![]() |
ဓာတ်ပုံ – ရိုက်တာ |
အသက် ၄၆ နှစ်အရွယ် သေနတ်သမား ဂရီခ့် စတိဖျင် ဟိခ်စ် (Craig Stephen Hicks) ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်အနီးမှာ ကျောင်းသူကျောင်းသား ၃ ဦးကို ရည်ရွယ်ချက်ရှိရှိပစ်သတ်မှုနဲ့ ရဲက ဖမ်းဆီးထားပါတယ်။
ကျောင်းသူ ၂ ဦးရဲ့ ဖခင်ဖြစ်သူကတော့ သူ့ကလေးတွေကို မွတ်စလင်ဖြစ်လို့ ကွပ်မျက်တဲ့ပုံစံနဲ့ ပစ်သတ်တယ်လို့ စွပ်စွဲထားပါတယ်။
သေနတ်သမား ဂရီခ့် Craig ကိုယ်တိုင် ရဲမှာ သွားရောက်အဖမ်းခံခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့က သူ့ကို ရုံးထုတ်ခဲ့ပါတယ်။
အစိုးရရှေ့နေ ရီဖလေ ရမ် (Ripley Rand) ကတော့ အာဏာပိုင်တွေရရှိထားတဲ့ အထောက်အထားတွေအရ အင်တာနက်လူမှုကွန်ရက်တွေတွေ ဖော်ပြနေကြသလို လူမျိုးရေးမုန်းတီးမှု အထောက်အထား မတွေ့ရဘူးလို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် သွားဘက်ဆိုင်ရာဆေးကျောင်းသား ဘရကတ် (Barakat) ဟာ ဆီးရီးယား ဒုက္ခသည်တွေ ကူညီရေး ရန်ပုံငွေရှာဖွေပေးနေသူတဦးဖြစ်ပါတယ်။
သေဆုံးခဲ့သူ ကျန် ၂ ဦးကတော့ မကြာခင်ကမှ ဘရကတ်နဲ့ လက်ထပ်ခဲ့တဲ့ အသက် ၂၁ အရွယ် ယူစာမိုဟာမက် (Yusor Mohammad) နဲ့ သူ့ရဲ့ညီမဖြစ်သူ အသက် ၁၉ နှစ်အရွယ် ရဇန် မိုဟာမက် (Razan Mohammad) တို့ ဖြစ်ကြပါတယ်။
အမေရိကန်အခြေစိုက် မွတ်စလင် လူမှုအဖွဲ့အစည်းတွေကတော့ သေနတ်သမား ဂရီခ့် (Craig) ဟာ မပစ်သတ်ခင် အင်တာနက် လူမှုကွန်ရက်တွေမှာ မွတ်စလင်ဆန့်ကျင်ရေး ရေးသားခဲ့သူဖြစ်ပြီး သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တာဖြစ်လို့ ဗဟိုအစိုးရကိုယ်တိုင် အမှုကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/81218
ကျောင်းသူ/သား ၃ ဦး အသတ်ခံရမှု လူမျိုးရေး မုန်းတီးမှုကြောင့် မဟုတ်ဟု အမေရိကန်ပြော
Reviewed by သစ်ထူးလွင်
on
18:10
Rating:
