အမေရိကန်ပြည်ထောင်စု တစ်ဝန်းတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သတိပေးချက် ထုတ်ပြန်


ဝါရှင်တန် ၊ ၃-၂-၂ဝ၁၅

အမေရိကန် ပြည်ထောင်စု ချီကာဂိုမြို့ တစ်ဝန်း၌ ဖေဖော်ဝါရီ ၂ ရက်တွင် နှင်းမုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့ပြီးနောက် ယင်း နှင်းမုန်တိုင်း သည် ပြည်နယ် ၁၈ ခုရှိ ဒေသခံ ပြည်သူ ၆၅ သန်း ခန့်ကို ထိခိုက်နိုင်ဖွယ် ရှိကြောင်း နိုင်ငံပိုင် သတင်းဌာနမှ ထုတ်ပြန် ခဲ့သည်။

အဆိုပါ နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ချီကာဂိုမြို့ တစ်ဝန်းတွင် နှင်းကျဆင်းမှု ပမာဏ သည် ၁၅ လက်မထိ မြင့်တက် လာနိုင်ပြီး ယင်းမြို့ရှိ ဒေသခံ ပြည်သူ ကိုးသန်းကျော် ကိုလည်း ထိခိုက် လာနိုင်ကြောင်း CNN သတင်းဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ထို့ပြင် မြို့ပေါ်ရှိ လမ်းများတွင် နှင်းခဲများ စုပြုံလာနိုင် သောကြောင့် မြို့တော် တစ်ဝန်းသို့ ဂေါ်ပြားများ၊ ဆီးနှင်း ရှင်းလင်းရေး စက်များ အပါအဝင် ပစ္စည်း ကိရိယာ ၃၅ဝ ခန့်ကို ဖြန့်ကြက် ချထားရန် ဒေသခံ ပြည်သူများအား မြို့တော်ဝန် ရမ်းအီမန် ချူရယ်လ် က ညွှန်ကြား ထားကြောင်း သိရသည်။

အလားတူ အဆိုပါ နှင်းမုန်တိုင်း သည် နိုင်ငံ အရှေ့ပိုင်း နီဘရာစကာ ပြည်နယ် နှင့် တောင် ဒါကိုတာ ပြည်နယ်ရှိ ဒေသများ အတွင်းသို့ လည်း ဝင်ရောက် တိုက်ခတ် လာနိုင် သောကြောင့် လေကြောင်း ခရီးစဉ် ၂ဝဝဝ ကျော် ခန့်ကို ဖျက်သိမ်း ခဲ့ရကြောင်း သိရသည်။

အဆိုပါ နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ မှုကြောင့် ဒက်စ်ထရိုက်စ်၊ ဘော်စတွန် နှင့် ရိုစ်ဒ်ကျွန်း တစ်လျှောက်ရှိ နိုင်ငံ၏ တတိယ အကြီးဆုံး ပုဂ္ဂလိက ကျောင်း အပါအဝင် ဒေသတွင်းရှိ အစိုးရကျောင်း များကိုလည်း ပိတ်ပစ် ခဲ့ရသည့် အပြင် ဒေသတွင်း လျှပ်စစ်မီး ပြတ်တောက်မှု များလည်း ကြုံတွေ့ရလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/02/blog-post_66.html
အမေရိကန်ပြည်ထောင်စု တစ်ဝန်းတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သတိပေးချက် ထုတ်ပြန်  အမေရိကန်ပြည်ထောင်စု တစ်ဝန်းတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သတိပေးချက် ထုတ်ပြန် Reviewed by သစ်ထူးလွင် on 13:27 Rating: 5
Powered by Blogger.