ဘတ်စ်ကား ရပ်နားစခန်း တစ်ခုတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွား


အဘူးဂျာ ၊ ၂၅-၂-၂ဝ၁၅

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ဘတ်စ်ကား ရပ်နားစခန်း တစ်ခုတွင် ဖေဖော်ဝါရီ ၂၄ ရက်က အသေးခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး အခြား ၅ဝ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှုသည် ပိုတစ်ကွမ်မြို့ ရှိ ဘတ်စ်ကား ရပ်နားစခန်းတွင် ခရီးသည် တစ်ဦးအသွင် ဟန်ဆောင်ထားသည့် အသေခံ ဗုံးခွဲသမားက ဘတ်စ်ကားပေါ်သို့ တက်ရောက် ခဲ့ပြီးနောက် ခရီးသည်များ စုံလင်ချိန်တွင်ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘတ်စ်ကားသည် နိုင်ငံ အနောက်မြောက်ပိုင်း ရှိ ကာနိုပြည်နယ် သို့ မောင်းနှင်ရန် စီစဉ်ထား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ခရီးသည် အနည်းဆုံး ၁ဝ ဦးခန့်မှာ နေရာတွင်ပင် မီးစွဲလောင် ၍ ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ အခြားခရီးသည် အများအပြား မှာလည်း ပေါက်ကွဲမှု ကြောင့် ထွက်ပေါ်လာသည့် မီးလောင်ဒဏ်ရာများရရှိ ခဲ့ခြင်းကြောင့် မည်သူမည်ဝါ ဖြစ်ကြောင်းကို ခွဲခြားနိုင်ခြင်း မရှိတော့ကြောင်း နှင့် ယင်း နောက်ပိုင်းတွင် တာဝန်ရှိ သူများက ၄င်းတို့အား နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင် ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့် အဖွဲ့အစည်းက ပြုလုပ်ခဲ့ခြင်း ကို အတိအကျ ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ဘိုကိုဟာရမ် စစ်သွေးကြွ များသည် လွန်ခဲ့သည့် သုံးလအတွင်း ပိုတစ်ကွမ်မြို့ ၌ တိုက်ခိုက်မှု များကို တိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။

‪‎PyiChitThar‬
http://www.pyichitthar.com/2015/02/blog-post_82.html
ဘတ်စ်ကား ရပ်နားစခန်း တစ်ခုတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွား ဘတ်စ်ကား ရပ်နားစခန်း တစ်ခုတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 14:46 Rating: 5
Powered by Blogger.