ဘိုးဘွားရိပ်သာတစ်ခုတွင် လုပ်အားခမရခြင်း နှင့် စပ်လျဉ်း၍ တိုက်ခိုက်ခဲ့သူတစ်ဦးကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ


ချန်ရှာ ၊ ၂၃-၂-၂၀၁၅

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် လုပ်အားခ မရခြင်းနှင့် စပ်လျဉ်း၍ ဘိုးဘွားရိပ်သာ တစ်ခုကို တိုက်ခိုက်ခဲ့သူ အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရသူ အမျိုးသားမှာ အသက် ၆၄ နှစ်အရွယ်ရှိ လော့ရန်ချူ ဆိုသူ ဖြစ်ပြီး ၄င်းသည် လုပ်အားခ လက်ခံရရှိမှု မရှိခြင်းနှင့် စပ်လျဉ်း၍ ဘိုးဘွား ရိပ်သာ ပိုင်ရှင်ဖြစ်သူ နှင့် နှစ်ရက်ကြာ အချင်းများခဲ့ပြီးနောက် ဘိုးဘွား ရိပ်သာရှိ အငြိမ်းစား သက်ကြီး ရွယ်အိုများနှင့် ဝန်ထမ်းများကို ဖေဖော်ဝါရီ ၁၉ရက် နံနက် ၂ နာရီ ခန့်တွင် အုတ်ခဲဖြင့် တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှု တွင် အနည်းဆုံး လူ သုံးဦး သေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း အာဏာပိုင် များက ထုတ်ပြန်ခဲ့သည်။ ယင်း နောက်ပိုင်းတွင် လော့ရန်ချု သည် အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ကနဦး စုံစမ်း စစ်ဆေးချက်များ အရ လော့ရန်ချု နှင့် ၄င်း၏ ဇနီးသည်မှာ အဆိုပါ ဘိုးဘွားရိပ်သာတွင် အလုပ်လုပ်ကိုင် နေသူများ ဖြစ်ပြီး ပိုင်ရှင်ထံမှ လုပ်အားခ အဖြစ် ယွမ် ၄ဝဝဝဝ (ဒေါ်လာ၆၅ဝဝ) ရရန်ရှိပြီး အဆိုပါ လုပ်အားခနှင့် စပ်လျဉ်း၍ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကပိုင် ဘိုးဘွားရိပ်သာ တစ်ခုဖြစ်သည့် အိုက်ရှင်း ဘိုးဘွားရိပ်သာ တွင် သာမန်အားဖြင့် သက်ကြီးရွယ်အို ဦးရေ ၉ဝ ကျော် နေထိုင်လျက်ရှိပြီး အခင်း ဖြစ်ပွားချိန်၌ ဘိုးဘွားဦးရေ ၇ဝ ခန့်မှာ ၄င်းတို့၏ မိသားစုဝင်များနှင့်အတူ နှစ်သစ်ကူး ပွဲတော်ကျင်းပရန် အတွက် သွားရောက်လျက် ရှိသောကြောင့် ဘိုးဘွားရိပ်သာတွင် သက်ကြီးရွယ်အို ဦးရေ ၂ဝ ခန့်သာ ကျန်ရစ် ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ရရှိသူများ အနက် လူ ခြောက်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေ သေးကြောင်း အာဏာပိုင် များ၏ ပြောကြားချက် အရ သိရသည်။

‪‎PyiChitThar
http://www.pyichitthar.com/2015/02/blog-post_60.html
ဘိုးဘွားရိပ်သာတစ်ခုတွင် လုပ်အားခမရခြင်း နှင့် စပ်လျဉ်း၍ တိုက်ခိုက်ခဲ့သူတစ်ဦးကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ ဘိုးဘွားရိပ်သာတစ်ခုတွင် လုပ်အားခမရခြင်း နှင့် စပ်လျဉ်း၍ တိုက်ခိုက်ခဲ့သူတစ်ဦးကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ Reviewed by သစ်ထူးလွင် on 15:11 Rating: 5
Powered by Blogger.