ကူညီကယ်ဆယ်ရေး သမားတွေ ရှာဖွေမှုလုပ်နေဆဲ (Credit: AFP) |
Padma ဆိုတဲ့ မြစ်မှာ သွားလာနေတဲ့ ကူးတို့ သင်္ဘောဟာ လှေတစ်စီးနဲ့ ဝင်တိုက်ခဲ့ပါတယ်။
အဲဒီ သင်္ဘောပေါ်မှာ လူပေါင်း ၁၀၀ ကျော် လိုက်ပါလာပြီး အယောက် ၅၀ လောက်ကတော့ ကမ်းဖက်ကို ကူးခတ်နိုင်ခဲ့ကြပါတယ်။
အခုအချိန်အထိ ပျောက်ဆုံးသူတွေကို ရေတပ်နဲ့ မီးသတ်ဌာနကလူတွေ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
လှေမောင်းသမားကို ဖမ်းထားတဲ့အပြင် ကူးတို့ သင်္ဘော ကပ္ပတိန်နဲ့ အမှုထမ်း နှစ်ယောက်ကိုလည်း ရဲတွေက ဖမ်းဆီးထားပါတယ်။
ဒီဖြစ်ရပ်ဟာ ဒီလအတွင်းဖြစ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် မတော်တဆမှု ဖြစ်ပြီး လှေမှောက်တာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာလို ဖြစ်နေပါတယ်။
ဟောင်းနွမ်းနေတဲ့ ကူးတို့သင်္ဘောကို အသုံးပြုမှုအပြင် လူတွေကို မတန်တဆ တင်ဆောင်မှုတွေကြောင့် ဖြစ်ရတယ်လို့လည်း သုံးသပ်နေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-23/1417647
ဘင်္ဂလားကူးတို့ သင်္ဘောမှောက် ၆၅ ဦးသေပြီ
Reviewed by သစ်ထူးလွင်
on
09:54
Rating: