နယူးယောက်တွင် ရထားနှင့်ကားတိုက်၊ ခုနစ်ဦးသေဆုံး


နယူးယောက် ဖေဖော်ဝါရီ ၎

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြောက်ဘက်ရှိ ရထားနှင့် ကားလမ်းဆုံ တစ်နေရာတွင် ခရီးသည် ရထားတစ်စင်းက ကားတစ်စီးကို တိုက်မိရာ အနည်းဆုံး ခုနစ်ဦးသေဆုံး၍ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူ များက ယနေ့ပြောကြားသည်။

နယူးယောက်မြို့မှ မိုင် ၂ဝ ခန့်အကွာ ဗောလ်ဟာလာအနီးတွင် ဂျစ်ကားတစ်စီးကို ခရီးသည် ၈ဝဝ နီးပါး တင်ဆောင်လာသော ရထားက အင်္ဂါနေ့ ညနေပိုင်းတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။

ဂျစ်ကားမောင်းသူ အမျိုးသမီးတစ်ဦးနှင့် ရထားပေါ်မှ ခရီးသည်ခြောက်ဦး သေဆုံးခဲ့သည်ဟု နယူးယောက် မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက ပြောကြားသည်။ ဂျစ်ကားနှင့်ရထားရှေ့ဆုံးတွဲတို့ တိုက်မိပြီးနောက် မီးလောင်သွားခဲ့ သည်ဟု ဆိုသည်။ ရထားသည် နယူးယောက်မြို့ ဂရင်းစင်ထရယ်ဘူတာရုံမှ နယူးယောက်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ဝါဆစ်သို့ ဦးတည်ထွက်ခွာလာခြင်းဖြစ်သည်။

ဘီဘီစီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

နယူးယောက်တွင် ရထားနှင့်ကားတိုက်၊ ခုနစ်ဦးသေဆုံး နယူးယောက်တွင် ရထားနှင့်ကားတိုက်၊ ခုနစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 04:11 Rating: 5
Powered by Blogger.