ဗိုလ်ချုပ်အောင်ဆန်း ဆန္ဒဖြည့် ဆည်းဂုဏ်ပြုဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

နတ်မောက်မြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo,Kyaw Zaw Win/RFA
ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြုချင်ရင် သူဖြစ်စေချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင် စု နိုင်ငံဖြစ်အောင် အားလုံးကဝိုင်းကြိုးစားဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

နတ်မောက်မြို့မှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောကြားခဲ့တာပါ။

"ဖေဖေ့ကို လေးစားတယ်၊ ဖေဖေ့ရဲ့ တန်ဖိုးထားတွေကို တန်ဖိုးထားတယ်ဆိုလို့ ရှိရင် ဖေဖေကဆိုလို့ရှိရင် ဒီနိုင်ငံကို တိုင်းရင်း သားမျိုးစုံနဲ့ အားလုံးစုပေါင်းပြီးတော့ ထူထောင် ထားတဲ့ ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတစ်ခု အနေနဲ့ မြင်ချင်ပါတယ်၊ ဖေဖေ့အတွက် တကယ့်အာဇာနည် ဗိမာန်ကြီးဆိုတာကတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကပဲ ဒီလိုစစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ထူထောင်သောအားဖြင့် ဖေဖေ့ကို ဂုဏ်ပြုကြပါလို့ ကျမအနေနဲ့ တိုက်တွန်း ချင်ပါတယ်"

ဒါ့အပြင် အစိုးရဆိုတာ တိုင်းသူပြည်သားတွေအပေါ်မှာ မေတ္တာနဲ့ စေတနာထားရမှာဖြစ်ကြောင်း ၁၉၄၇ ခုနှစ်က နတ်မောက်မြို့ကို ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးရောက်ရှိစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကိုလည်း ရှင်းပြခဲ့ပါတယ်။

ဒီနေ့ နတ်မောက်မြို့မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝ ပြည့် မွေးနေ့ကို ဒေသအသီးသီးက တိုင်းရင်း သားတွေကလည်း ရိုးရာအကတွေနဲ့ တက်ရောက်ဂုဏ်ပြုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်ထဲက ဗိုလ်ချုပ်အောင်ဆန်း နှစ် တစ်ရာပြည့် ကျောက်စာတိုင်နဲ့ ပုံတူရုပ်ထုကိုလည်း သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရနဲ့ အတူ ဖွင့်လှစ်ပေး ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/gen-aung-san-100th-dassk-speech-02132015092718.html
ဗိုလ်ချုပ်အောင်ဆန်း ဆန္ဒဖြည့် ဆည်းဂုဏ်ပြုဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း ဗိုလ်ချုပ်အောင်ဆန်း ဆန္ဒဖြည့် ဆည်းဂုဏ်ပြုဖို့ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း Reviewed by သစ်ထူးလွင် on 21:57 Rating: 5
Powered by Blogger.