တရုတ်နိုင်ငံ အလယ်ပိုင်းတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပြီး စိုက်ပျိုးသီးနှံများ ပျက်စီး
ဝူဟန် ၊ ၃-၂-၂၀၁၅
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေးပြည်နယ် တွင် လွန်ခဲ့သည့်လ နှောင်းပိုင်းက စတင် တိုက်ခတ်ခဲ့သည့် နှင်းမုန်တိုင်း ကြောင့် ပြည်နယ် အတွင်းရှိ လူနေအိမ်များ ပြိုကျခဲ့ပြီး စိုက်ပျိုး သီးနှံများ ပျက်စီး ခဲ့သည့်အပြင် လမ်းပန်း
ဆက်သွယ်ရေး များ ရပ်တန့် ခဲ့ရကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန် ခဲ့သည်။
အာဏာပိုင် များ၏ ထုတ်ပြန်ချက် များအရ ပြည်နယ် အတွင်း၌ ဇန်နဝါရီ ၂၇ ရက်မှစ၍ ရေခဲတမျှ အေးစက်သည့် မိုးများ ရွာသွန်းခဲ့ပြီး နှင်းများ ထူထဲစွာ ကျဆင်းခဲ့ မှုကြောင့် နေအိမ် ၁၈၈ လုံး ပြိုကျခဲ့ပြီး စိုက်ပျိုးမြေ ဟက်တာ
၂၈ဝဝဝ ပျက်စီး သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ နှင်းမုန်တိုင်း ဒဏ်ကြောင့် ဒေသတွင်းရှိ ပြည်သူ ၃၃၆ဝဝဝ ခန့်မှာ မုန်တိုင်းဒဏ် သင့်ခဲ့ရပြီး ၄င်းတို့အနက် အချို့ကိုမူ အာဏာပိုင် များက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ပေးခဲ့သည်။
အလားတူ ဟူပေးပြည်နယ် အနီးရှိ ဟူနန်ပြည်နယ် တွင်လည်း မိုးများ ရွာသွန်းပြီး ဆီးနှင်းများ အဆက်မပြတ် ကျဆင်း ခဲ့မှုကြောင့် အဝေးပြေး လမ်းမများ ပိတ်ဆို့ သွားခဲ့ပြီး မြို့များတွင် အသီးအနှံများ ပြတ်လပ် ခဲ့ရကြောင်း
သိရသည်။
PyiChitThar
http://www.pyichitthar.com/2015/02/blog-post_86.html
တရုတ်နိုင်ငံ အလယ်ပိုင်းတွင် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပြီး စိုက်ပျိုးသီးနှံများ ပျက်စီး
Reviewed by သစ်ထူးလွင်
on
13:28
Rating: