အီရတ်နဲ့ ကတ်ဒ် တပ်တွေ ပူးပေါင်းပါဝင်တဲ့ တပ်ဖွဲ့ဝင် ၂၅ ၀၀၀ လောက်ဟာ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ မိုဆိုးလ်မြို့ကို အစ္စလာမ်မစ်နိုင်ငံ IS တပ် လက်ထဲကနေ ပြန်လည်သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန် စစ်ဘက်အရာရှိတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက IS လက်နက်ကိုင်အဖွဲ့လက်အောက် ကျရောက်ခဲ့တဲ့ မိုဆိုးလ်မြို့ကို လာမယ့် ဧပြီ ဒါမှမဟုတ် မေလထဲမှာ ပြန်လည်သိမ်းပိုက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
အီရတ်တပ်ဖွဲ့ဝင်တွေကို အမေရိကန်က စစ်ရေး လေ့ကျင့်ပေးထားတယ်လို့ သိရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
အီရတ်နဲ့ကတ်ဒ် ပူးပေါင်းတပ် မိုဆိုးလ်မြို့ ပြန်သိမ်းမည်
Reviewed by သစ်ထူးလွင်
on
18:11
Rating: