မူလတန်းနှင့် အလယ်တန်း အတန်းတင်စာမေးပွဲ ဖြေဆိုရန် ရက်အနည်းငယ် နောက်ကျမည်


ရန်ကုန် ၊ ၃-၂-၂၀၁၅

မူလတန်းနှင့် အလယ်တန်း အတန်းတင် စာမေးပွဲများကို ကျောင်းပြင်ပစစ် စာမေးပွဲစနစ် (အစိုးရစစ်)ဖြင့် ဖြေဆိုရမည့် စတုတ္ထတန်း၊ အဋ္ဌမတန်း စာမေးပွဲပြီးချိန် နှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမည့် ကာလအကြား ဖေဖော်ဝါရီ လကုန်ပိုင်း မှသာ ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်း နှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ များသည် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိ ဖြေဆိုရမည် ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၁၁ ရက်တွင် ဖြေဆိုရမည် ဖြစ်သည်။ ယင်းအချိန် ကြားတွင် ကျန်အတန်း များ၏ အတန်းတင် စာမေးပွဲများကို ကျင်းပရန် စီစဉ်ထားသဖြင့် ယခင်နှစ် များကထက် အနည်းငယ် နောက်ကျမည် ဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ယခင်နှစ် များက အခြေခံပညာ ကျောင်းများရှိ မူလတန်းနှင့် အလယ်တန်း အဆင့် အတန်းတင် စာမေးပွဲများကို နှစ်စဉ် ဖေဖော်ဝါရီ လဆန်းတွင် ကျင်းပလေ့ရှိပြီး ယခုအခါ ဖြေဆိုရမည့် ရက်နှင့် အချိန်စာရင်း များကို ပညာရေး ဝန်ကြီးဌာန အနေဖြင့် မကြာမီ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

''မူလတန်းနဲ့ အလယ်တန်း ကလေးတွေ စာမေးပွဲဖြေဆို ရမယ့်ရက်ကို ပညာရေး ဝန်ကြီးဌာနကို တင်ပြထား ပါတယ်။ ပညာရေး ဝန်ကြီးဌာနက ခွင့်ပြုတယ် ဆိုတဲ့ အမိန့်စာ ပြန်ကျမလာ သေးဘူး။ ဖြေဆိုရမယ့် ရက်က စတုတ္ထတန်း နဲ့ အဋ္ဌမတန်း စာမေးပွဲပြီးမယ့် ဖေဖော်ဝါရီ ၂၆ ရက် နောက်ပိုင်းနဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမယ့် မတ် ၁၁ ရက်ကြား ထဲမှာ ဖြစ်ဖို့များ ပါတယ်'' ဟု အမှတ် (၁) အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံအဆင့် ကျောင်းများ၌ တက်ရောက် ပညာသင်ယူ နေသော ကျောင်းသား၊ ကျောင်းသူ ၈ ဒသမ ၇ သန်းကျော် ရှိကြောင်း သိရသည်။ (၄၄၇)

Themyawadydaily‬
‪‎မြ၀တီနေ့စဉ်‬
https://www.facebook.com/TheMyawadyDaily
မူလတန်းနှင့် အလယ်တန်း အတန်းတင်စာမေးပွဲ ဖြေဆိုရန် ရက်အနည်းငယ် နောက်ကျမည် မူလတန်းနှင့် အလယ်တန်း အတန်းတင်စာမေးပွဲ ဖြေဆိုရန် ရက်အနည်းငယ် နောက်ကျမည် Reviewed by သစ်ထူးလွင် on 13:22 Rating: 5
Powered by Blogger.