နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီး၊ မိတ္ထီလာ- ကျောက်ပန်းတောင်း ကားလမ်း၊ မိုင်တိုင် အမှတ်(၄၅/ဝ)၌ မိတ္ထီလာဘက်မှ ကျောက်ပန်းတောင်းဘက်သို့ မဟာအောင်မြေမြို့နယ်၊ မြစ်သားရပ်နေ အောင်ဇော်ဖြိုး(၂၆)နှစ်မောင်းနှင်လာသည့် 2F/xxxx CANDA ယာဉ်နှင့် ကျောက်ပန်းတောင်းဘက်မှ မိတ္ထီလာဘက်သို့ ကျောက်ပန်းတောင်းမြို့နယ်၊ ရွာတန်းရှည်ကျေးရွာနေ မျိုးအောင်(၂၅)နှစ် မောင်းနှင် လာသော ၆က/xxxx (၁၂)ဘီးကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်ပွတ်တိုက်မိခဲ့သည်။
ထိုသို့တိုက်မိ မှုကြောင့် CANDA ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီ ရပ်ကွက်နေ ဝင်းကျော်မိုး(၁၉)နှစ်ပါ(၃)ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပြီး တစ်ရပ်ကွက်တည်းနေ ကျော်မျိုး(၂၆)နှစ်ပါ(၄)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် ကျောက်ပန်းတောင်းဆေးရုံသို့ ပို့အပ်ခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ဇော်ဖြိုးနှင့် မျိုးအောင်တို့ ၂ ဦးအား လက်ပံပျားနယ်မြေရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်ပွတ်တိုက်မိရာက (၃)ဦးသေ၊ (၄)ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
18:51
Rating: