နေပြည်တော်၊ ဖေဖော်ဝါရီ ၃
၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ရ နာရီ ၅ဝ မိနစ်အချိန်၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၄၈/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာ အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်နေ စိုးလင်း(၃၆)နှစ်မောင်းနှင်လာသော 3I/xxxx ဟိုက်ဂျက် အဖြူရောင်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းယာဘက်ဘေးရှိ ကပ်တုံးများအား ဝင်ရောက်တိုက်မိ ရပ်တန့်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် စိုးလင်းနှင့် ယာဉ်ပေါ်ပါ ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်နေ ကိုကိုသဲ(၃ဝ)နှစ်ပါ ၂ ဦး၊ စုစုပေါင်း(၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တောင်ငူဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး စိုးလင်းအား ဇီးပင်သာအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေး ကပ်တုံးများအား ဝင်ရောက်တိုက်မိ၍ (၃)ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
19:23
Rating: