ချက်တွင် လူ ၈ ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်


ချက်နိုင်ငံအရှေ့ပိုင်းက စားသောက်ဆိုင်တဆိုင်မှာ နယ်ခံအမျိုးသားတဦးက လူ ၈ ဦးကို သေနတ်နဲ့ ပစ်သတ်ပြီးနောက်  ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီးက ရူးနှမ်းသူတယောက်ရဲ့ လူသတ်မှု ဖြစ်ပြီး အကြမ်းဖက်ဝါဒနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။

သေနတ်သမားဟာ အသက် ၆၀ အရွယ်ဖြစ်ပြီး ရဲတွေက သူ့ကို ၀ိုင်းထားတုန်းမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားတာ ဖြစ်ပါတယ်။

ချက်နိုင်ငံမှာ အခုလို လူသတ်မှုမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ့ကိစ္စဖြစ်ပြီး သမိုင်းမှာ အဆိုးရွားဆုံးပဲလို့ ရဲချုပ်က ပြောပါတယ်။

ဆလိုဗက်ကီးယားနဲ့ နယ်စပ် အေးချမ်းတဲ့မြို့က စားသောက်ဆိုင်ထဲ နေ့လယ်စာစားချိန်မှာ သေနတ်သမားဟာ သေနတ်အချက်ပေါင်း ၂၅ ချက် ပစ်ခတ်ခဲ့ပြီး အမျိုးသမီးတဦးလည်း ဒဏ်ရာနဲ့ ဆေးရုံတင်ထားရပါတယ်။

သေနတ်သမားဟာ စားသောက်ဆိုင်ထဲ ၀င်လာပြီးနောက် ချက်ချင်းပဲ သေနတ်နဲ့ ပစ်ခဲ့လို့ စားသောက်နေသူတွေတချို့ နောက်ပေါက်ကနေ ထွက်ပြေးခဲ့ရတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်က ပြောပါတယ်။

ဝန်ကြီးချုပ်က ဒီအဖြစ်အပျက်အတွက် အံ့သြတုန်လှုပ်ရပြီး မိသားစုတွေနဲ့ ထပ်တူ ကြေကွဲ ၀မ်းနည်းရတယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/83112
ချက်တွင် လူ ၈ ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် ချက်တွင် လူ ၈ ဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် Reviewed by သစ်ထူးလွင် on 14:41 Rating: 5
Powered by Blogger.