အပစ်ရပ်မှု မစမီ ယူကရိန်း တိုက်ပွဲတွေ ပိုပြင်းထန်လာ

ဒဗော့ဆက်ဗ် မြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေ
ယူကရိန်း အရှေ့ပိုင်းမှာ စနေနေ့ အကုန်က စပြီး အပစ်အခတ် ရပ်စဲဖို့ သဘောတူ လက်မှတ် ရေးထိုး ထားပေမယ့် ဒီနေ့ သောကြာနေ့ အထိ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

Debaltseve မြို့ကို ထိန်းချုပ် နိုင်ဖို့အတွက် အစိုးရတပ်နဲ့ သူပုန်တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေတာပါ။

သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဒွန်းညက်စ်နဲ့ လူဟန့်စ် မြို့တွေမှာလည်း အမြောက်ဆံတွေ ကျရောက် ပေါက်ကွဲ နေပါတယ်။

ဘယ်လာရုစ် နိုင်ငံ၊ မင့်စ်မြို့မှာ ရခဲ့တဲ့ သဘောတူညီချက် အရ စနေနေ့ည သန့်ခေါင်မှာ အပစ်ရပ်ရေး အစီအစဉ်ကို စတင် ရမှာ ဖြစ်ပါတယ်။

ဥရောပ ခေါင်းဆောင်တွေကတော့ အပစ်ရပ် သဘောတူညီချက်ကို မလိုက်နာခဲ့ရင် ရုရှားကို အရေးယူ ပိတ်ဆို့မှုတွေ ထပ်လုပ်မယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150213_ukraine_fighting_after_deal
အပစ်ရပ်မှု မစမီ ယူကရိန်း တိုက်ပွဲတွေ ပိုပြင်းထန်လာ အပစ်ရပ်မှု မစမီ ယူကရိန်း တိုက်ပွဲတွေ ပိုပြင်းထန်လာ Reviewed by သစ်ထူးလွင် on 21:00 Rating: 5
Powered by Blogger.