ကြည့်မြင်တိုင်တဖက်ကမ်း မီးလောင်မှုကြောင့် လူဦးရေ ၈၀၀ကျော် အိုးမဲ့အိမ်ဖြစ်ခဲ့


ကြည်းမြင့်တိုင် တဖက်ကမ်း အေးရွာ ဘလုပ်ညွန့်ကျေးရွာ မီးလောင်ရာတွင် ငွေကျပ် သိန်းနှစ်ရာကျော် ဆုံးရှုံးခဲ့ပြီး လူဦးရေ(၈၃၇)ဦးနှင့် အိမ်ထောင်စုပေါင်း(၂၄၇)စု အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြည့်မြင့်တိုင်မြိုနယ်တဖက်ကမ်း၊ အေးရွာဘလုပ်ညွန့် စက်ကလေးရပ်ကွက်၊ ကံအေးသာ ၁ လမ်းမှ အိမ်ရှင်ရန်နိုင်ထွန်း (ခ) ထွန်းထွန်ဝါးခင်းအိမ်မှ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ည ၇ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါမီးလောင်မှုကြောင့် အသက်(၁၈)နှစ်အောက် ကျား/မ (၃၁၃)ဦးနှင့်  အသက်(၁၈)နှစ်အထက် ကျား/မ(၅၂၄)ဦး၊ စုစုပေါင်း လူဦးရေ (၈၃၇) ဦးနှင့် အိမ်ထောင်စုပေါင်း(၂၄၇)စု အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ပြီး ခါတော်မှီဘုန်းကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းအား ဖွင့်လှစ်ထားကြောင်း သိရသည်။

မီးလောင်မှုကို မီးသတ်ယာဉ်များမှရေဂါလန် (၉၅၀၀၀)အသုံးပြု၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၅၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၄၆)ဦး၊ ကြပ်ခြေနီတပ်ဖွဲ့ဝင်(၁၀၅)ဦးဖြင့် မီးငြိမ်းသတ်နိုင်ခဲ့ပြီး အိမ်ရှင် ကိုရန်နိုင်ထွန်းအား စက်ဆန်းနယ်မြေရဲစခန်းကပုဒ်မ-၂၈၅ဖြင့် အရေးယူထားကြောင်း သိရသည်။

ဇော်ခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကြည့်မြင်တိုင်တဖက်ကမ်း မီးလောင်မှုကြောင့် လူဦးရေ ၈၀၀ကျော် အိုးမဲ့အိမ်ဖြစ်ခဲ့ ကြည့်မြင်တိုင်တဖက်ကမ်း မီးလောင်မှုကြောင့် လူဦးရေ ၈၀၀ကျော် အိုးမဲ့အိမ်ဖြစ်ခဲ့ Reviewed by သစ်ထူးလွင် on 02:13 Rating: 5
Powered by Blogger.