၈ နှစ်အရွယ် အသေခံဗုံးခွဲသမားကြောင့် ၅ ဦးသေ

ဘိုကိုဟာရမ် စစ်သွေးကြွများ (Credit: ABC licensed) 
နိုင်ဂျီးရီးယားနိုင်ငံမှာ ​အသေခံ ​ဗုံးဖောက်ခွဲတဲ့ ​မိန်းကလေး တစ်ယောက်ကြောင့် ​လူ ​၅ ​ဦး ​သေဆုံး ခဲ့ရ ပါတယ်။

မျက်မြင်သက်သေတွေရဲ့ ​အဆိုအရ ​အသေခံ ​ဗုံးဖောက်ခွဲသူဟာ ​ကလေးသာရှိသေးပြီး ​အသက် ​၈ ​နှစ်ထက် ​မပိုဘူးလို့ ​ပြောနေကြပါတယ်။

အဲဒီ ​ကလေးမရဲ့ ​ကိုယ်ပေါ်မှာ ​ဖောက်ခွဲရေးပစ္စည်းတွေ ​ပတ်ထားပြီး ​နိုင်ဂျီးရီးယားနိုင်ငံ ​မြောက်ပိုင်း ​Potiskum ​မြို့က ​လုံခြုံရေးဂိတ်ဆီကို ​ဦးတည်သွားခဲ့ပါတယ်။

အဲဒီမှာ ​ဖောက်ခွဲမှုကို ​လုပ်ခဲ့တဲ့အတွက် ​အဲဒီကလေးမ ​အပါအဝင် ​တခြား ​လူ ​၅ ​ယောက်လည်း ​သေဆုံးခဲ့ရသလို ​လူပေါင်း ​တစ်ဒါဇင်ကျော်လည်း ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ဒီဖောက်ခွဲမှုအတွက် ​တာဝန်ရှိတယ်လို့ ​ဘယ်အဖွဲ့အစည်းမှ ​ဝန်ခံ ​ပြောဆိုတာမျိုး ​မလုပ်သေးပေမယ့်လည်း ​ဘိုကိုဟာရမ် ​စစ်သွေးကြွတွေက ​မိန်းကလေးငယ်တွေကို ​အသေခံ ​ဗုံးဖောက်ခွဲရေးသမားအဖြစ် ​သုံးစွဲမှုတွေ ​ပြုလုပ်တာ ​လနဲ့ချီ ​ကြာမြင့်ခဲ့ပြီ ​ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား ​သမ္မတ ​Goodluck ​Jonathan ​ကတော့ ​သူ့အစိုးရအနေနဲ့ ​အကြမ်းဖက် ​သမားတွေရဲ့ ​လုပ်ရပ်ကို ​အထင်သေးခဲ့မိတယ်လို့ ​ဝန်ခံ ​ပြောဆိုခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-23/1417665
၈ နှစ်အရွယ် အသေခံဗုံးခွဲသမားကြောင့် ၅ ဦးသေ ၈ နှစ်အရွယ် အသေခံဗုံးခွဲသမားကြောင့် ၅ ဦးသေ Reviewed by သစ်ထူးလွင် on 15:31 Rating: 5
Powered by Blogger.