အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်မှ ဒေါ်လာ ၁ ဒသမ ၄ သန်းရှိငွေကြေးများကို ဘဏ်မှဝန်ထမ်းများက လုယက်ယူငင်၍ ထွက်ပြေးသွားခဲ့


ကဘူးလ် ၊ ၂၃-၂-၂၀၁၅

အာဖဂန်နစ္စတန် နိုင်ငံ ကန်ဒါဟာ ပြည်နယ်ရှိ ဗဟိုဘဏ်မှ ဝန်ထမ်းများသည် ၄င်းတို့၏ ဘဏ်မှ ဒေါ်လာ ၁ ဒသမ ၄ သန်းရှိ ငွေကြေးများကို လုယက်ယူငင်၍ ထွက်ပြေး သွားခဲ့ကြောင်း အာဏာပိုင် အဖွဲ့မှ အရာရှိ တစ်ဦးက ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ဘဏ်အာဏာပိုင် များ၏ စစ်ဆေး တွေ့ရှိချက်များ အရ အဆိုပါ ဘဏ်အတွင်းရှိ မီးခံသေတ္တာ များအနက် တစ်လုံးမှာ ပွင့်လျက်ရှိပြီး အခြားသေတ္တာ များကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း နိုင်ငံ တောင်ပိုင်းရှိ ဗဟိုဘဏ် လုပ်ငန်းဆိုင်ရာ ညွှန်ကြားရေးမှူး ဖာဇယ်လ်အာ မက်အေဇာမီ က ပြောကြား ခဲ့သည်။

ဘဏ်ဝန်ထမ်း များသည် အဆိုပါ ဘဏ်မှ ငွေကြေးများကို ဖေဖော်ဝါရီ ၁၉ ရက်က လုယက်ယူငင် သွားခြင်း ဖြစ်ကြောင်း ဘဏ်တွင် တပ်ဆင်ထား သည့် လုံခြုံရေး ကင်မရာကို စစ်ဆေးချက် အရ သိရသည်။ အဆိုပါ
လုယက်မှုကို ဘဏ်တွင် နှစ်ပေါင်း အတန်ကြာ အမှုထမ်းခဲ့သည့် အဆင့်မြင့် အရာရှိ တစ်ဦးက ဦးဆောင် ခဲ့ဖွယ် ရှိကြောင်း နှင့် ၄င်းသည် အခြားဘဏ် အမှုထမ်း နှစ်ဦးဖြစ်သည့် ၄င်း၏ သားနှင့် ယောက်ဖ ဖြစ်သူတို့၏
အကူအညီ ကိုရယူခဲ့ဖွယ် ရှိကြောင်းနှင့် ၄င်းတို့သည် ယခုအခါ ပါကစ္စတန်နိုင်ငံ အတွင်းသို့ ထွက်ပြေး သွားခဲ့ပြီဟု ယူဆ ရကြောင်း အာဏာပိုင် များက ပြောကြား ထားသည်။

‪PyiChitThar‬
http://www.pyichitthar.com/2015/02/blog-post_68.html
အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်မှ ဒေါ်လာ ၁ ဒသမ ၄ သန်းရှိငွေကြေးများကို ဘဏ်မှဝန်ထမ်းများက လုယက်ယူငင်၍ ထွက်ပြေးသွားခဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်မှ ဒေါ်လာ ၁ ဒသမ ၄ သန်းရှိငွေကြေးများကို ဘဏ်မှဝန်ထမ်းများက လုယက်ယူငင်၍ ထွက်ပြေးသွားခဲ့ Reviewed by သစ်ထူးလွင် on 14:58 Rating: 5
Powered by Blogger.