ဒါကာ ဖေဖော်ဝါရီ ၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပတ်ဒ်မားမြစ်အတွင်း လူ ၁ဝဝ ကျော် စီးနင်းလိုက်ပါလာသော သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ လူ၃ဝကျော် သေဆုံးပြီး လူ ၇ဝ ကျော် ပျောက်ဆုံးလျက်ရှိ ကြောင်း ကယ်ဆယ်ရေး အဖွဲ့များကဆိုသည်။
အဆိုပါ သင်္ဘောသည် ပတ်ဒ်မားမြစ်တစ်ဖက်ကမ်းရှိ ရပ်ဂ်ျဘာရီရှိ ဒေါက်လက်ဒီရာမြို့မှ ပါတူရီယာမြို့သို့ ခရီးနှင်နေစဉ် ကုန်တင်သင်္ဘောတစ်စင်းဖြင့် တိုက်မိခဲ့ သဖြင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်္ဘောမောင်းသူနှစ်ဦးအားဖမ်းဆီးထားကြောင်း နယ်မြေတာဝန်ခံရဲအရာရှိတစ်ဦးကပြောသည်။
ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကယ် ဆယ်ရေးသမားများက ကလေးငယ်တစ်ဦး၏အလောင်း အား ရှာဖွေတွေ့ရှိခဲ့သည်။ ကျန်ပျောက်ဆုံးနေသည့်သူများ ကို လိုက်လံရှာဖွေလျက်ရှိသည်။
ကုန်းတွင်းပိုင်း ရေလမ်းကြောင်းများစွာပါဝင်နေ သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သင်္ဘောနစ်မြုပ်မှုများမကြာ ခဏဖြစ်ပွားလျက်ရှိပြီး လူပေါင်းများစွာသေဆုံးခဲ့ရသည်။ အလားတူဖေဖော်ဝါရီ ၁၃ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ဘက်ပိုင်း၌ သင်္ဘောတစ်စင်းနစ်မြုပ်ခဲ့ရာ အနည်းဆုံးလူ ခုနစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
သည်ဂါးဒီယန်း
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သင်္ဘောတစ်စင်းနစ်မြုပ် လူ ၃ဝ သေဆုံး၊ ၇ဝ ကျော်ပျောက်ဆုံး
Reviewed by သစ်ထူးလွင်
on
06:01
Rating: