ကလေးပါတဲ့ကားထဲမှာ ဆေးလိပ်သောက်ခြင်း တားမြစ်


အင်္ဂလန်နိုင်ငံမှာ ကလေးတွေ ကားပေါ်တင်ဆောင်လာတဲ့ ယာဉ်မောင်းတွေ ဆေးလိပ်မသောက်ရဆိုတဲ့ ဥပဒေကို အောက်တိုဘာလဆန်းပိုင်းမှာ စတင် ပြဌာန်းတော့မှာဖြစ်ပါတယ်။

အသက် (၁၈) နှစ်အောက် လူငယ်တွေ တဆင့်ခံဆေးလိပ်ငွေ့ မရှူရအောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။

တပတ်ကို ကလေးပေါင်း (၄) သိန်းကျော် ကားထဲမှာ ဆေးလိပ်ငွေ့သင့်နေတယ်လို့ အဆုတ်နဲ့ပတ်သက်တဲ့ British Lung Foundation က ပြောပါတယ်။

ဆေးလိပ်ငွေ့သင့်တဲ့ကလေးတွေဟာ ပန်းနာရင်ကြတ်၊ ဦးနှောက်အမြှေးရောင်နဲ့ အိပ်ပျော်နေစဉ် ရုတ်တရက်သေဆုံးတဲ့ရောဂါတွေ ဖြစ်တတ်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ကလေးပါတဲ့ကားထဲမှာ ဆေးလိပ်သောက်ခြင်း တားမြစ် ကလေးပါတဲ့ကားထဲမှာ ဆေးလိပ်သောက်ခြင်း တားမြစ် Reviewed by သစ်ထူးလွင် on 19:49 Rating: 5
Powered by Blogger.