ကိုးကန့် ဒေသအတွင်း တပ်မတော် နဲ့  ဦးဖုံကြားရှင် ဦးဆောင် တဲ့ ကိုးကန့် တပ်ဖွဲ့ တွေ အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ (၉)ရက် က နေ မနေ့  က အထိ တပ်မတော် က အရာရှိ ၅ဦး၊ စစ်သည် ၄၂ ဦး အသက်ပေးလှူခဲ့ပြီး၊ အရာရှိ ၁၁ ဦး စစ်သည် ၆၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
၎ ရက် အတွင်း တိုက်ပွဲ ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ကူ နဲ့  လေကြောင်း ပစ်ကူ ၅ ကြိမ်ဆောင်ရွက်ခဲ့ရတယ်လို့ လည်း ဖော်ပြပါတယ်။ကိုးကန့် တိမ်းရှောင် အဖွဲ့ ဆီကနေ လက်နက်အချို့ သိမ်းဆည်း ရမိခဲ့ပြီး ကျဆုံး/ထိခိုက် ဒဏ်ရာရမှုအချို့ရှိခဲ့ကြောင်းလည်းရေးသားဖော်ပြပါတယ်။
အဲ့ဒီ့အဖွဲ့  ဟာ ဒုံးပစ် လောင်ချာနှင့် လက်ပစ်ဗုံး အရေအတွက် များပြားစွာ သုံးစွဲနိုင်ပြီး လေယာဉ်ပစ် စက်သေနတ်ကြီး တွေ ကိုလည်း အဖွဲ့အားလုံး မှာ ဖြန့်ခွဲ အသုံးပြုနိုင်ကြောင်း နဲ့  လှုပ်ရှားမှုနှင့် တိုက်ပွဲဝင် တဲ့ အနေအထားမှာ စနစ်တကျ ပြင်ဆင် လေ့ကျင့်ထားသူများ ဖြစ်နိုင်ကြောင်း သိရတယ်လို့ လည်းဖော်ပြပါတယ်။ မြန်မာ-တရုတ် နယ်စပ်ဒေသ တိုက်ပွဲတွေ နဲ့ ပတ်သက် ပီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် စစ်သံမှူး ဆီကို ရှင်းလင်း ပြောကြား အသိပေးထားကြောင်း လည်းဖော်ပြပါတယ်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ က လည်း လောက်ကိုင်ဒေသ မှာ ပုဒ်မ (၁၄၄) ထုတ်ပြန်ထားပါတယ်။ ဦးဖုံကြားရှင် ဦးဆောင် တဲ့ ကိုးကန့် တပ်ဖွဲ့ တွေ နဲ အတူ ကေအိုင်အေ ။တီအန်အယ်လ်အေ ။ ရခိုင်တပ်မတော် (AA )တို့ က လည်း ကူညီ တိုက်ပေးနေတာဖြစ်တယ်လို့  တီအန်အယ်လ်အေ တာဝန်ရှိသူတဦးက ဒီဗီဘီ ကိုပြောပါတယ်။ ဒါပေမဲ့ အစိုးရ ရဲ့ ထုတ်ပြန်ချက်တွေမှာ တော့ အဲ့ဒီ့ ကူတိုက်ပေးနေတဲ့ အဖွဲ့ နံမည်တွေ တော့ ထည့်သွင်းပြောဆိုတာမရှိပါဘူး ။
DVB TV News
https://www.facebook.com/DVBTVNews
ကိုးကန့် တိုက်ပွဲ
Reviewed by သစ်ထူးလွင်
on
01:40
Rating:
