ဒမတ်စကဒ် ၊ ၅-၂-၂၀၁၅
ဆီးရီးယား အစိုးရ အဖွဲ့သည် ဓာတုလက်နက် ပစ္စည်းများ ထုတ်လုပ် သိုလှောင်ရာတွင် အသုံးပြုသည့် ၄င်းတို့၏ အဆောက်အအုံ များစွာအနက် တစ်ခုကို လုံးဝ ဖျက်ဆီး လိုက်နိုင်ပြီ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ဓာတုလက်နက် တားမြစ်ရေး အဖွဲ့ OPCW မှ ပြောကြား ခဲ့သည်။
နည်းပညာ ဆိုင်ရာ လိုအပ်ချက် များကြောင့် ကြန့်ကြာ ခဲ့ရသည့် ဓာတုလက်နက် အဆောက်အအုံများ ဖျက်ဆီးမှု အစီအစဉ် ကို စတင်နိုင်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ပထမဆုံး အဆောက်အအုံ ဖျက်ဆီးမှုကို ပြီးမြောက်အောင် လုပ်ဆောင် နိုင်ခဲ့ခြင်းကြောင့် အလွန် ဝမ်းမြောက် မိကြောင်း၊ ကျန်ရှိသည့် အဆောက်အအုံ များကိုလည်း သတ်မှတ် ထားသည့် အစီအစဉ် အတိုင်း ဆက်လက် ဖျက်ဆီး နိုင်မည်ဟု မျှော်လင့် ရကြောင်း OPCW အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် အာမက်အူဇမ်ကူ က ပြောကြား ခဲ့သည်။
ဆီးရီးယား နိုင်ငံသည် ယခုအခါ ၄င်းတို့၏ ဓာတုလက်နက် များစွာအနက် ၉၈ ရာခိုင်နှုန်း ကို ဖျက်ဆီး နိုင်ခဲ့ပြီ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု နှင့် ဗြိတိန်နိုင်ငံ သို့ တင်ပို့ခဲ့သည့် ဟိုက်ဒရိုဂျင် ဖလိုရိုက်ဒ် ၂၉ မက်ထရစ်တန်သာလျှင် ဖျက်ဆီးရန် လိုတော့ကြောင်း၊ ဓာတု လက်နက်များ ထုတ်လုပ် သိုလှောင်သည့် အဆောက်အအုံ တစ်ခုကို ဖျက်ဆီးပြီး နောက်တွင် ထပ်မံ ဖျက်ဆီးရမည့် အဆောက်အအုံ ၁၁ ခု ကျန်နေ သေးကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com/2015/02/blog-post_22.html
ဓာတုလက်နက်ပစ္စည်း အဆောက်အအုံ တစ်ခုအား ဆီးရီးယား အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့
Reviewed by သစ်ထူးလွင်
on
14:27
Rating: