ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသား၊ အစိုးရ၊ လွှတ်တော်၊ NNER ၄ပွင့်ဆိုင် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ပြုမည့် ကျောင်းသား အရေအတွက်နှင့် ပတ်သက်၍ သောင်မတင်ရေမကျဖြစ်နေသည့် အခြေအနေတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ NNER ကိုယ်စားလှယ် ၃ဦး၊ ကျောင်းသားကိုယ်စားလှယ် ၅ဦးတို့ မွန်းလွဲပိုင်းအချိန်က တံခါးပိတ် ဆွေးနွေးပြီးနောက် ယင်းကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
၃-၂-၂၀၁၅ ရက်နေ့တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအစည်း အဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း မူလသတ်မှတ် ကျောင်းသားခေါင်းဆောင် (၁၅)ဦး၊ NNER မှ (၁၁)ဦး ဆွေးနွေးရန် ဖြစ်သော်လည်း ကျောင်းသား ဘက်မျ (၁၅)ဦးထက်ပိုသော ကျောင်းသားများ ပြန်ကြားရေးရုံးခန်းမထဲသို့ ၀င်ရောက်စဉ် လိုက်ပါလာသာ ကျောင်းသားများ ပါဝင်ရောက်လာသဖြင့် တာဝန်ရှိသူများမှ တားမြစ်စဉ် အားလုံးဝင်ခွင့် မရလျှင် မ၀င်တော့ကြောင်းပြောပြီး ပြန်ထွက်လာကြကြောင်း သိရသည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပညာရေးဥပဒေပြင်ဆင်ရေး ယနေ့ ဆွေးနွေပွဲ ပျက်ပြယ်
Reviewed by သစ်ထူးလွင်
on
12:55
Rating: